46 ထိုသို့ဆိုသော် တစ်စုံတစ်ယောက်က ခမည်းတော်ကိုမြင်ခဲ့ပြီဟုမဆိုလို။ ဘုရားသခင်ထံမှ ကြွလာသောသူတစ်ဦးတည်းသာလျှင် ခမည်းတော်ကိုမြင်ခဲ့၏။
47 သင်တို့အား ငါအမှန်အကန်ဆိုမည်။ ယုံကြည်သောသူသည် ထာဝရအသက်ကိုရရှိ၏။
48 ငါသည် အသက်မုန့်ဖြစ်၏။
49 သင်တို့၏ဘိုးဘေးများသည် တောကန္တာရ၌ မန္နကိုစားခဲ့ပြီး သေဆုံးသွားကြ၏။
50 ဤမုန့်ကား စားသုံးသောသူသည် သေခြင်းနှင့်ကင်းလွတ်မည့်အကြောင်း ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ်၏။
51 ငါသည် ကောင်းကင်မှဆင်းသက်သည့် အသက်ရှင်သောမုန့်ဖြစ်၏။ မည်သူမဆို ဤမုန့်ကိုစားလျှင် ကာလအစဉ်အဆက်အသက်ရှင်မည်။ ငါပေးမည့်မုန့်ကား လောကီသားတို့၏အသက်အတွက် ငါစွန့်သောငါ၏အသားပေတည်း”ဟု မိန့်တော်မူ၏။
52 ထိုအခါ ဂျူးလူမျိုးတို့က “ဤသူသည် သူ့အသားကို ငါတို့စားရန် မည်သို့ပေးနိုင်မည်နည်း”ဟု အချင်းချင်းငြင်းခုံပြောဆိုကြ၏။