5 ယေရှုသည် မျှော်ကြည့်၍ မိမိထံသို့ အလွန်များစွာသောလူထုပရိသတ်တို့လာနေကြသည်ကို မြင်တော်မူလျှင် ဖိလိပ္ပုအား “ဤသူတို့စားရန် မုန့်ကို အဘယ်ကဝယ်ကြမည်နည်း”ဟု မေးတော်မူ၏။
6 ဤသည်ကား ဖိလိပ္ပုကိုစမ်းသပ်လို၍ မေးတော်မူခြင်းသာဖြစ်ပြီး မိမိမည်သို့ပြုမည်ကို သိနှင့်ပြီဖြစ်၏။
7 ဖိလိပ္ပုကလည်း “သူတို့ကို တစ်ယောက်တစ်ဖဲ့စီပေးသည့်တိုင် ဒေနာရိနှစ်ရာဖိုးထိုက်သောမုန့်ရှိလျှင်လည်း လုံလောက်မည်မဟုတ်ပါ”ဟု ပြန်လျှောက်လေ၏။
8 တပည့်တော်တို့ထဲမှ တစ်ပါးဖြစ်သူ ရှိမုန်ပေတရု၏ညီအန္ဒြေက
9 “ဤနေရာတွင် မုယောမုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ပါသော သူငယ်တစ်ယောက်ရှိပါ၏။ သို့သော် ဤမျှလောက်များပြားသောသူတို့အတွက် ထိုမုန့်နှင့်ငါးတို့သည် မည်သို့အကျိုးထူးမည်နည်း”ဟု လျှောက်လေ၏။
10 ယေရှုက “လူတို့ကိုထိုင်စေကြလော့”ဟု မိန့်တော်မူ၏။ (ထိုနေရာ၌ မြက်ပင်ထူထပ်လျက်ရှိ၏။) သို့ဖြစ်၍ အရေအတွက်အားဖြင့် ငါးထောင်ခန့်ရှိသောယောက်ျားတို့သည် ထိုင်ကြ၏။
11 ထိုအခါ ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ချီးမွမ်းပြီးမှ ထိုင်နေသောသူတို့အား ခွဲဝေပေးတော်မူ၏။ ထိုနည်းတူ ငါးကိုလည်း သူတို့အလိုရှိသလောက် ခွဲဝေပေးတော်မူ၏။