ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 6:6-12 MSB

6 ဤ​သည်​ကား ဖိ​လိပ္ပု​ကို​စမ်း​သပ်​လို​၍ မေး​တော်​မူ​ခြင်း​သာ​ဖြစ်​ပြီး မိ​မိ​မည်​သို့​ပြု​မည်​ကို သိ​နှင့်​ပြီ​ဖြစ်​၏။

7 ဖိ​လိပ္ပု​က​လည်း “သူ​တို့​ကို တစ်​ယောက်​တစ်​ဖဲ့​စီ​ပေး​သည့်​တိုင် ဒေ​နာ​ရိ​နှစ်​ရာ​ဖိုး​ထိုက်​သော​မုန့်​ရှိ​လျှင်​လည်း လုံ​လောက်​မည်​မ​ဟုတ်​ပါ”​ဟု ပြန်​လျှောက်​လေ​၏။

8 တ​ပည့်​တော်​တို့​ထဲ​မှ တစ်​ပါး​ဖြစ်​သူ ရှိ​မုန်​ပေ​တ​ရု​၏​ညီ​အန္ဒြေ​က

9 “ဤ​နေ​ရာ​တွင် မု​ယော​မုန့်​ငါး​လုံး​နှင့်​ငါး​နှစ်​ကောင်​ပါ​သော သူ​ငယ်​တစ်​ယောက်​ရှိ​ပါ​၏။ သို့​သော် ဤ​မျှ​လောက်​များ​ပြား​သော​သူ​တို့​အ​တွက် ထို​မုန့်​နှင့်​ငါး​တို့​သည် မည်​သို့​အ​ကျိုး​ထူး​မည်​နည်း”​ဟု လျှောက်​လေ​၏။

10 ယေ​ရှု​က “လူ​တို့​ကို​ထိုင်​စေ​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။ (ထို​နေ​ရာ​၌ မြက်​ပင်​ထူ​ထပ်​လျက်​ရှိ​၏။) သို့​ဖြစ်​၍ အ​ရေ​အ​တွက်​အား​ဖြင့် ငါး​ထောင်​ခန့်​ရှိ​သော​ယောက်ျား​တို့​သည် ထိုင်​ကြ​၏။

11 ထို​အ​ခါ ယေ​ရှု​သည် မုန့်​ကို​ယူ​၍ ကျေး​ဇူး​တော်​ချီး​မွမ်း​ပြီး​မှ ထိုင်​နေ​သော​သူ​တို့​အား ခွဲ​ဝေ​ပေး​တော်​မူ​၏။ ထို​နည်း​တူ ငါး​ကို​လည်း သူ​တို့​အ​လို​ရှိ​သ​လောက် ခွဲ​ဝေ​ပေး​တော်​မူ​၏။

12 ထို​သူ​တို့​သည် ဝ​လင်​စွာ​စား​ကြ​ပြီး​သော​အ​ခါ ယေ​ရှု​က တ​ပည့်​တော်​တို့​အား “တစ်​စုံ​တစ်​ခု​မျှ အ​လ​ဟဿ​မ​ဖြစ်​စေ​ရန် ကြွင်း​ကျန်​သော​အ​ကျိုး​အ​ပဲ့​များ​ကို ကောက်​သိမ်း​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။