65 ထို့နောက် ကိုယ်တော်က “ဤအကြောင်းကြောင့် ခမည်းတော်သည် အခွင့်ပေးတော်မမူလျှင် မည်သူမျှ ငါ့ထံသို့မလာနိုင်ဟု သင်တို့အား ငါပြောခဲ့ပြီ”ဟူ၍ မိန့်တော်မူ၏။
66 ထိုအချိန်မှစ၍ တပည့်တော်တို့ထဲမှအများစုသည် ဆုတ်ခွာသွားပြီး ကိုယ်တော်နှင့်အတူမလိုက်မပါတော့ဘဲနေကြ၏။
67 ထိုအခါ ယေရှုသည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့အား “သင်တို့လည်း ထွက်ခွာသွားလိုကြသလော”ဟု မေးတော်မူလျှင်
68 ရှိမုန်ပေတရုက “သခင်ဘုရား၊ အကျွန်ုပ်တို့သည် မည်သူ့ထံသို့သွားရမည်နည်း။ ထာဝရအသက်နှင့်ဆိုင်သောစကားတို့သည် ကိုယ်တော်၌သာရှိပါ၏။
69 ကိုယ်တော်သည် ဘုရားသခင်၏သန့်ရှင်းသူဖြစ်ကြောင်းကိုလည်း အကျွန်ုပ်တို့ယုံကြည်သိရှိကြပါ၏”ဟု လျှောက်လေ၏။
70 ယေရှုကလည်း “တစ်ဆယ့်နှစ်ပါးသောသင်တို့ကို ငါရွေးကောက်သည်မဟုတ်လော။ သို့ဖြစ်ပါလျက်နှင့် သင်တို့ထဲမှတစ်ဦးသည် မာရ်နတ်ဖြစ်၏”ဟု မိန့်တော်မူ၏။
71 ဤသည်ကား ရှိမုန်၏သား ယုဒဣရှကာရုတ်ကိုရည်ညွှန်း၍ မိန့်တော်မူခြင်းဖြစ်၏။ သူသည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှ တစ်ပါးဖြစ်လျက် ကိုယ်တော်ကိုအပ်နှံရန် ကြံရွယ်နေ၏။