ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 7:40-46 MSB

40 လူ​ထု​ပ​ရိ​သတ်​ထဲ​မှ အ​ချို့​တို့​သည် ဤ​တ​ရား​စ​ကား​တို့​ကို​ကြား​သော​အ​ခါ “ဤ​သူ​သည် အ​မှန်​ပင် ထို​ပ​ရော​ဖက်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။

41 အ​ချို့​တို့​က​လည်း “ဤ​သူ​သည် ခ​ရစ်​တော်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။ သို့​ရာ​တွင် အ​ချို့​တို့​က “ခ​ရစ်​တော်​သည် ဂါ​လိ​လဲ​နယ်​မှ​ပေါ်​ထွန်း​ပါ​မည်​လော။

42 ခ​ရစ်​တော်​သည် ဒါ​ဝိဒ်​၏​အ​မျိုး​အ​နွယ်​မှ​လည်း​ကောင်း၊ ဒါ​ဝိဒ်​နေ​ခဲ့​ရာ​ဗက်​လင်​ရွာ​မှ​လည်း​ကောင်း ပေါ်​ထွန်း​မည်​ဟူ​၍ ကျမ်း​စာ​က​ဆို​ထား​သည်​မ​ဟုတ်​လော”​ဟု ဆို​ကြ​၏။

43 ဤ​သို့​ဖြင့် လူ​ထု​ပ​ရိ​သတ်​ထဲ​တွင် ကိုယ်​တော်​ကြောင့် ကွဲ​ပြား​ခြင်း​ရှိ​ကြ​၏။

44 သူ​တို့​ထဲ​မှ အ​ချို့​တို့​သည် ကိုယ်​တော်​ကို​ဖမ်း​ဆီး​လို​ကြ​သော်​လည်း မည်​သူ​မျှ ကိုယ်​တော်​ကို​မ​ဖမ်း​ဆီး​ကြ​ချေ။

45 ထို့​နောက် အ​စောင့်​တပ်​သား​တို့​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့်​ဖာ​ရိ​ရှဲ​တို့​ထံ​သို့ ပြန်​လာ​ကြ​ရာ ထို​အ​ကြီး​အ​ကဲ​တို့​က “အ​ဘယ်​ကြောင့် သူ့​ကို​မ​ခေါ်​ဆောင်​လာ​ကြ​သ​နည်း”​ဟု မေး​မြန်း​ကြ​၏။

46 အ​စောင့်​တပ်​သား​တို့​က “ထို​သူ​ကဲ့​သို့ မည်​သူ​မျှ​မ​ဟော​ပြော​ခဲ့​ဖူး​ပါ”​ဟု ပြန်​လျှောက်​ကြ​၏။