ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 7:49-53 MSB

49 သို့​သော် ပ​ညတ်​တ​ရား​ကို​မ​သိ​သော ဤ​လူ​ထု​ပ​ရိ​သတ်​သည် ကျိန်​ခြင်း​ကို​ခံ​ရ​သူ​များ​ဖြစ်​ကြ​ပါ​သည်​တ​ကား”​ဟု ဆို​ကြ​၏။

50 ထို​သူ​တို့​ထဲ​မှ​တစ်​ဦး​ဖြစ်​ပြီး ယ​ခင်​က​ကိုယ်​တော်​ထံ​သို့​လာ​ခဲ့​ဖူး​သော နိ​ကော​ဒင်​က

51 “ငါ​တို့​၏​ပ​ညတ်​တ​ရား​သည် လူ​တစ်​ဦး​ကို သူ့​ထံ​မှ ဦး​စွာ​ကြား​နာ​ခြင်း​မ​ရှိ၊ သူ​ပြု​နေ​သော​အ​မှု​အ​ရာ​ကို​လည်း​မ​သိ​ဘဲ စီ​ရင်​ပါ​မည်​လော”​ဟု ဆို​လျှင်

52 သူ​တို့​က “သင်​သည်​လည်း ဂါ​လိ​လဲ​နယ်​သား​ဖြစ်​သ​လော။ ဂါ​လိ​လဲ​နယ်​မှ ပ​ရော​ဖက် မ​ပေါ်​ထွန်း​ကြောင်း​ကို စူး​စမ်း​လေ့​လာ​၍ သိ​မှတ်​လော့”​ဟု ဆို​ကြ​၏။

53 [ထို့​နောက် သူ​တို့​သည် မိ​မိ​တို့​အိမ်​သို့ အ​သီး​သီး​ပြန်​သွား​ကြ​၏။