1 ယေရှုမူကား သံလွင်တောင်သို့ ကြွတော်မူ၏။
2 အရုဏ်တက်ချိန်၌ ဗိမာန်တော်သို့ နောက်တစ်ဖန်ကြွတော်မူရာ လူအပေါင်းတို့သည် အထံတော်သို့ရောက်လာကြသဖြင့် ကိုယ်တော်သည် ထိုင်၍သူတို့အား သွန်သင်တော်မူ၏။
3 ထိုအခါ ကျမ်းပြုဆရာတို့နှင့်ဖာရိရှဲတို့သည် အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်သည့်အတွက် အဖမ်းခံရသောမိန်းမတစ်ယောက်ကိုခေါ်ဆောင်လာ၍ အလယ်၌ထားပြီးလျှင်
4 “ဆရာ၊ ဤမိန်းမသည် အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်နေစဉ်၌ပင် အဖမ်းခံရပါသည်။