ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 8:31-37 MSB

31 ထို့​ကြောင့် ယေ​ရှု​သည် မိ​မိ​ကို​ယုံ​ကြည်​သော ဂျူး​လူ​မျိုး​တို့​အား “သင်​တို့​သည် ငါ​၏​တ​ရား​စ​ကား​၌​တည်​လျှင် ငါ့​တ​ပည့်​အ​မှန်​ဖြစ်​ကြ​ပြီး

32 သမ္မာ​တ​ရား​ကို​သိ​ကြ​သ​ဖြင့် သမ္မာ​တ​ရား​သည် သင်​တို့​ကို လွတ်​မြောက်​စေ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

33 သူ​တို့​က​လည်း “အ​ကျွန်ုပ်​တို့​သည် အာ​ဗြ​ဟံ​၏​အ​မျိုး​အ​နွယ်​ဖြစ်​ကြ​ပြီး မည်​သူ့​ထံ​၌​မျှ ကျွန်​မ​ခံ​ခဲ့​ဖူး​ပါ။ သင်​သည် အ​ဘယ်​ကြောင့် ‘သင်​တို့​လွတ်​မြောက်​ကြ​လိမ့်​မည်’​ဟု ဆို​ရ​သ​နည်း”​ဟူ​၍​ပြန်​ပြော​ကြ​၏။

34 ယေ​ရှု​က “သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ အ​ပြစ်​ပြု​သူ​တိုင်း​သည် အ​ပြစ်​၏​ကျွန်​ဖြစ်​၏။

35 ကျွန်​သည် အိမ်​၌​ထာ​ဝ​စဉ်​နေ​ထိုင်​သည်​မ​ဟုတ်။ သား​မူ​ကား ထာ​ဝ​စဉ်​နေ​ထိုင်​၏။

36 ထို့​ကြောင့် သား​တော်​သည် သင်​တို့​ကို​လွတ်​မြောက်​စေ​လျှင် သင်​တို့​သည် ဧ​ကန်​အ​မှန်​လွတ်​မြောက်​ကြ​လိမ့်​မည်။

37 သင်​တို့​သည် အာ​ဗြ​ဟံ​၏​အ​မျိုး​အ​နွယ်​ဖြစ်​ကြောင်း​ကို ငါ​သိ​၏။ သို့​ရာ​တွင် ငါ​၏​တ​ရား​စ​ကား​သည် သင်​တို့​ထဲ​၌​နေ​ရာ​မ​ရ​သော​ကြောင့် သင်​တို့​သည် ငါ့​ကို​သတ်​ရန် ရှာ​ကြံ​နေ​ကြ​၏။