9 သူသည်သားကောင်ကိုဖမ်းဆီးရန်သားရဲတွင်း၌ချောင်းမြောင်းနေသောခြင်္သေ့ကဲ့သို့ဝပ်၍နေ တတ်၏။သူသည်ဆင်းရဲသူများကိုချောင်းမြောင်း၍မိမိပိုက်ကွန်တွင်ဖမ်းဆီးပြီးလျှင်ဆွဲယူ သွားတတ်၏။
10 သူ၏ရက်စက်သောခွန်အားဖြင့်ခိုကိုးရာမဲ့ သူတို့ကို ပြိုလဲစေ၏။
11 သူယုတ်မာက``ဘုရားသခင်သည်ဤအမှုတွင် ဂရုစိုက်တော်မမူ။ကိုယ်တော်သည်မျက်စိကိုမှိတ်၍ထားတော် မူပြီ။ငါ့ကိုအဘယ်အခါမျှမြင်တော်မူလိမ့်မည် မဟုတ်'' ဟုတစ်ကိုယ်တည်းပြောဆိုတတ်၏။
12 အို ထာဝရဘုရား၊ ထတော်မူပါ။အို ဘုရားသခင်၊ ထိုယုတ်မာသူတို့ကိုဒဏ်ခတ်တော်မူပါ။ဆင်းရဲဒုက္ခခံရသူတို့ကိုမေ့လျော့တော်မမူပါနှင့်။
13 သူယုတ်မာသည်အဘယ်သို့လျှင်ထာဝရဘုရားကို မထီမဲ့မြင်ပြု၍``ကိုယ်တော်သည်ငါ့ကိုအပြစ်ဒဏ်ပေးတော်မူမည် မဟုတ်'' ဟုတစ်ကိုယ်တည်းပြောဆိုနိုင်ပါသနည်း။
14 သို့ရာတွင်ကိုယ်တော်သည်ဒုက္ခဝေဒနာများကိုအမှန်ပင်မြင်၍မစရန်အမြဲအသင့် ရှိတော်မူပါ၏။ခိုးကိုးရာမဲ့သူသည်မိမိကိုယ်ကိုလက်တော်သို့ အပ်တတ်ပါ၏။ကိုယ်တော်သည်ချို့တဲ့နွမ်းပါးသူတို့ကို အစဉ်အမြဲကူမတော်မူခဲ့ပါ၏။
15 ယုတ်မာသူနှင့်ဆိုးညစ်သူတို့၏လက်ရုံးကို ချိုးတော်မူပါ။ထိုသူတို့သည်ဒုစရိုက်ကိုမပြုတော့သည့်တိုင် အောင် အပြစ်ဒဏ်ခတ်တော်မူပါ။