ဆာ​လံ 19 BCL

ဖန်​ဆင်း​ခံ​အ​ရာ​များ​အား​ဖြင့်​တွေ့​မြင်​ရ​သည့် ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်

1 မိုး​ကောင်း​ကင်​သည်​ဘု​ရား​သ​ခင်​၏ဘုန်း​အ​သ​ရေ​တော်​ကို​ပေါ်​လွင်​စေ​၍ ကိုယ်​တော်​၏ လက်​ရာ​တော်​တို့​ကို​ထင်​ရှား​စွာ​ဖော်​ပြ​၏။

2 ဤ​အ​ကြောင်း​ကို​တစ်​နေ့​ကို​တစ်​နေ့၊တစ်​ည​ကို​တစ်​ည လက်​ဆင့်​ကမ်း​ကြေ​ညာ​ကြ​ပေ​သည်။

3 အ​ဘယ်​သို့​မှ​နှုတ်​ဖြင့်​မ​မြွက်​မ​ဆို၊ စ​ကား​လည်း​မ​ပြော၊မည်​သည့်​အ​သံ​ကို​မျှ​မ​ပြု​သော်​လည်း

4 နေ့​နှင့်​ည​မှ​ထွက်​ပေါ်​လာ​သည့်​အ​သံ​သည် ကမ္ဘာ​မြေ​တစ်​ပြင်​လုံး​သို့​ပျံ့​နှံ့​သွား​လျက်ယင်း​တို့​ကြေ​ညာ​သော​စ​ကား​သည် ကမ္ဘာ​မြေ​ကြီး​စွန်း​တိုင်​အောင်​ရောက်​လေ​၏။ဘု​ရား​သ​ခင်​သည်​နေ​၏​အ​တွက်​မိုး​ကောင်း ကင်​၌ ဗိ​မာန်​တစ်​ဆောင်​ကို​တည်​တော်​မူ​၏။

5 မိ​မိ​အိပ်​ခန်း​မှ​ထွက်​၍​လာ​သော​မင်္ဂ​လာ ဆောင် သ​တို့​သား​ကဲ့​သို့​လည်း​ကောင်း၊အ​ပြေး​ပြိုင်​ရန်​ဆန္ဒ​စော​လျက်​ရှိ​သည့်အား​က​စား​သ​မား​ကဲ့​သို့​လည်း​ကောင်း နေ​သည်​ထွက်​ပြူ​လာ​၏။

6 သူ​သည်​မိုး​ကောင်း​ကင်​တစ်​စွန်း​မှ​အ​စ​ပြု​ကာ အ​ခြား​တစ်​စွန်း​သို့​လှည့်​ပတ်​၍​သွား၏။သူ​၏​အ​ပူ​ရှိန်​မှ​ကင်း​လွတ်​သော​အ​ရာ​တစ်​ခု မျှ​မ​ရှိ။

ဘု​ရား​သ​ခင်​၏​တ​ရား​တော်

7 ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​သည်​ပြီး​ပြည့်စုံ​လင်​အောင်​ကောင်း​မြတ်​သည်​ဖြစ်​၍​စိတ်​ဝိ​ညာဉ် ကို ပြန်​လည်​သစ်​လွင်​လန်း​ဆန်း​စေ​တတ်​၏။ဘု​ရား​သ​ခင်​၏​သွန်​သင်​တော်​မူ​ချက်​တို့​သည်အား​ကိုး​အား​ထား​ထိုက်​သည်​ဖြစ်​၍ မ​လိမ္မာ​သူ​တို့​ကို​လိမ္မာ​စေ​တတ်​၏။

8 ထာ​ဝ​ရ​ဘု​ရား​၏​နည်း​ဥ​ပ​ဒေ​တို့​သည်မှန်​ကန်​သည်​ဖြစ်​၍​လိုက်​နာ​စောင့်​ထိန်း​သူ တို့​၏ စိတ်​ကို​ရွှင်​လန်း​စေ​တတ်​၏။ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့​သည်​တ​ရား မျှ​တ​သည် ဖြစ်​၍​စိတ်​နှ​လုံး​ကို​အ​သိ​ဉာဏ်​ပေး​တတ်​၏။

9 ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​ခြင်း​သည်ကောင်း​မြတ်​သည်​ဖြစ်​၍​ထာ​ဝ​စဉ်​တည်​မြဲ လိမ့်​မည်။ထာ​ဝ​ရ​ဘု​ရား​၏​စီ​ရင်​တော်​မူ​ချက်​တို့​သည်ဖြောင့်​မှန်​သည်​ဖြစ်​၍​ကာ​လ​အ​စဉ်​တ​ရား မျှ​တ​ပေ​၏။

10 ယင်း​တို့​သည်​ရွှေ​ထက်​မ​က၊အ​ကောင်း​ဆုံး ရွှေ​ထက် ပို​မို​နှစ်​သက်​ဖွယ်​ဖြစ်​၏။ယင်း​တို့​သည်​ပျား​ရည်​ထက်​မ​က၊အ​စစ်​ဆုံး ပျား​ရည်​ထက်​ပို​၍​ချို​ကြ​၏။

11 ကိုယ်​တော်​၏​ကျွန်​ဖြစ်​သူ​ကျွန်​တော်​မျိုး​အားထို​စီ​ရင်​တော်​မူ​ချက်​များ​က​အ​သိ​ဉာဏ်​ကို ပေး​ပါ​၏။ကျွန်​တော်​မျိုး​သည်​ယင်း​တို့​ကို​လိုက်​နာစောင့်​ထိန်း​သည်​ဖြစ်​၍​အ​ကျိုး​ကျေး​ဇူး​များ​ကို ခံ​ယူ​ရ​ရှိ​ပါ​၏။

12 အ​ဘယ်​သူ​မျှ​မိ​မိ​၏​အ​မှား​အ​ယွင်း​များ​ကို မ​မြင်​နိုင်​ပါ။အို ထာ​ဝ​ရ​ဘု​ရား၊မ​ထင်​ရှား​သည့်​အ​ပြစ်​များ​နှင့်​ကျွန်​တော်​မျိုး​အား ကင်း​စင်​စေ​တော်​မူ​ပါ။

13 တ​မင်​တ​ကာ​ကြံ​ရွယ်​ချက်​ဖြင့်​ပြု​သည့်​အ​ပြစ် ဒု​စ​ရိုက်​များ​နှင့်​လည်း​ကင်း​စင်​စေ​တော်​မူ​ပါ။ထို​ဒု​စ​ရိုက်​တို့​သည်​ကျွန်​တော်​မျိုး​အား အ​စိုး​မ​ရ​ပါ​စေ​နှင့်။သို့​မှ​သာ​လျှင်​ကျွန်​တော်​မျိုး​သည်အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​ဖြစ်​လျက်​အ​ပြစ် ဒု​စ​ရိုက်​နှင့် ကင်း​စင်​ပါ​လိမ့်​မည်။

14 ကျွန်​တော်​မျိုး​ခို​လှုံ​ရာ​ဖြစ်​တော်​မူ​၍ကျွန်​တော်​မျိုး​အား​ရွေး​နုတ်​တော်​မူ​သော အ​ရှင်၊အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​၏​နှုတ်​ထွက်​စ​ကား​များ​နှင့်စိတ်​နှ​လုံး​အ​ကြံ​အ​စည်​များ​သည်​ရှေ့​တော် ၌ နှစ်​သက်​ဖွယ်​ဖြစ်​ပါ​စေ​သော။