1 ထာဝရဘုရားအားထောမနာပြုကြလော့။အချင်းထာဝရဘုရား၏အစေခံတို့၊ကိုယ်တော်၏နာမတော်အားထောမနာ ပြုကြလော့။
2 ကိုယ်တော်၏နာမတော်အားယခုမှစ၍ကာလအစဉ်အဆက်ထောမနာပြုကြ ပါစေသော။
3 နေထွက်ရာအရပ်မှနေဝင်ရာအရပ်သို့ တိုင်အောင်ထာဝရဘုရား၏နာမတော်အားထောမနာ ပြုကြ ပါစေသတည်း။
4 ထာဝရဘုရားသည်လူမျိုးတကာတို့ကို အစိုးရတော်မူ၏။ကိုယ်တော်၏ဘုန်းအသရေတော်သည် မိုးကောင်းကင်အထက်ထွန်းတောက်တော်မူ၏။
5 ငါတို့၏ဘုရားသခင်ထာဝရဘုရားနှင့် နှိုင်းယှဉ်နိုင်သူတစ်စုံတစ်ယောက်မျှမရှိ။ကိုယ်တော်သည်အထက်ဘဝဂ်တွင်စံနေ တော်မူ၏။
6 သို့ရာတွင်မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးကို ငုံ့ကြည့်တော်မူ၏။
7 ဆင်းရဲသူတို့ကိုမြေမှုန့်ထဲကချီးမြှင့်၍နွမ်းပါးသူတို့ကိုအမှိုက်ပုံထဲက ချီးမြှောက်တော်မူ၏။
8 ထိုနောက်မင်းသားများဖြစ်ကြသော၊ကိုယ် တော်၏လူစုတော်ကိုအုပ်စိုးသောမင်းသားများနှင့် အတူ သွားလာပေါင်းဖော်ခွင့်ကိုပေးတော်မူ၏။
9 ကိုယ်တော်သည်မြုံသောအိမ်ရှင်မအားချီးမြှင့်တော်မူရာသားသမီးရစေ၍ ဝမ်းမြောက်စေတော်မူ၏။ထာဝရဘုရားအားထောမနာပြုကြလော့။