1 အို ဘုရားသခင်၊ ကျွန်တော်မျိုးအားကယ်တော်မူပါ။အို ထာဝရဘုရား၊ ယခုပင်ကျွန်တော်အားကူမတော်မူပါ။
2 ကျွန်တော်မျိုးအားသတ်ရန်ကြိုးစားသူတို့သည် အရေးရှုံးနိမ့်၍ကစဥ့်ကရဲဖြစ်ကြပါစေ သော။ကျွန်တော်မျိုး၏ဆင်းရဲဒုက္ခများကိုအကြောင်းပြု၍ဝမ်းမြောက်ကြသူတို့သည်တပ်လန်၍ကွဲကြ ပါစေသော။
3 ကျွန်တော်မျိုးအားပြောင်လှောင်ကြသူတို့သည် အရေးရှုံးနိမ့်သည့်အတွက်အလွန်ကြောက်လန့်ကြပါစေသော။
4 ကိုယ်တော်ရှင်၏ထံတော်သို့ချဉ်းကပ်သူအပေါင်းတို့သည်ဝမ်းမြောက်ရွှင်လန်းကြပါ စေသော။ကိုယ်တော်ရှင်၏ကယ်တင်ခြင်းကျေးဇူးတော် အတွက်ကျေးဇူးတော်ကိုချီးမွမ်းကြသူအပေါင်းတို့ သည်``ဘုရားသခင်သည်အလွန်ကြီးမြတ်တော်မူပါပေသည်'' ဟုအစဉ်မပြတ်ချီးကူး ကြပါစေသော။
5 ကျွန်တော်မျိုးသည်အားအင်ချိနဲ့လျက် ဆင်းရဲ၍နေပါ၏။အို ဘုရားသခင်၊ ကျွန်တော်မျိုးထံသို့လျင်မြန်စွာကြွလာ တော်မူပါ။ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားကယ်တင်တော်မူသောအရှင်၊ကျွန်တော်မျိုး၏ ထာဝရဘုရားဖြစ်တော်မူ၏။ကျွန်တော်မျိုးအားကူမရန်အလျင်အမြန် ကြွတော်မူပါ။