ဆာ​လံ 1 BCL

အ​တွဲ ၁

မင်္ဂ​လာ​အ​စစ်​အ​မှန်

1 သူ​ယုတ်​မာ​တို့​၏​အ​ကြံ​ဉာဏ်​ကို​လက်​မ​ခံ၊ အ​ပြစ်​ကူး​သူ​တို့​၏​စံ​န​မူ​နာ​ကို​မလိုက်၊ထာ​ဝ​ရ​ဘု​ရား​ကို​ပစ်​ပယ်​သူ​တို့​နှင့်​လည်းမ​ပေါင်း​မ​ဖော်​သော​သူ​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။

2 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တ​ရား​တော်​ကို​လိုက်​လျှောက်​၍နေ့​ည​မ​ပြတ်​လေ့​လာ​ဆင်​ခြင်​မှု​ဖြင့်​ပျော်​မွေ့​တတ်​ကြ​၏။

3 ထို​သူ​တို့​သည်​ချောင်း​အ​နီး​တွင်​ပေါက်​၍​လျော်​ကန်​သင့်​မြတ်​ချိန်​၌အ​သီး​သီး​လျက်​အ​ရွက်​မ​ညှိုး​မ​နွမ်း​တတ်​သော​အ​ပင်​များ​နှင့်​တူ​၏။သူ​တို့​သည်​ပြု​လေ​သ​မျှ​အ​မှု​ကိစ္စ​တို့​တွင်​အောင်​မြင်​တတ်​၏။

4 သို့​ရာ​တွင်၊သူ​ယုတ်​မာ​တို့​မူ​ကား​အ​ဘယ်​နည်း​နှင့်​မျှ​ဤ​သို့​မ​ဖြစ်​နိုင်။သူ​တို့​သည်​လေ​တိုက်​ရာ​တွင်​လွင့်​ပါ​သွား​တတ်​သော​ဖွဲ​နှင့်​တူ​ကြ​၏။

5 အ​ပြစ်​ကူး​သူ​တို့​သည်​ဘု​ရား​သ​ခင်အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​အ​ပေါင်း​အ​သင်း​ထဲ​သို့​မ​ဝင်​ရ​ကြ။

6 ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တော်​ကောင်း​များ​ကို​ပို့​ဆောင်​စောင့်​ထိန်း​တော်​မူ​လိမ့်​မည်။သူ​ယုတ်​မာ​တို့​မူ​ကား​ဆုံး​ရှုံး​ပျက်​စီး​ရ​ကြ​လိမ့်​မည်။