ဆာ​လံ 120 BCL

ကူ​မ​တော်​မူ​ရန်​ဆု​တောင်း​ပတ္ထ​နာ

1 ငါ​သည်​ဒုက္ခ​ရောက်​စဉ်​အ​ခါ​ထာ​ဝ​ရ​ဘု​ရား ကို ဟစ်​ခေါ်​ပါ​၏။ကိုယ်​တော်​သည်​လည်း​ထူး​တော်​မူ​ပါ​၏။

2 အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​အား​လိမ်​လည်​တတ်​သူ​များ နှင့် လှည့်​စား​တတ်​သူ​များ​၏​လက်​မှ​ကယ်​တော် မူ​ပါ။

3 အ​ချင်း​လိမ်​လည်​တတ်​သူ​တို့၊သင်​တို့​အား​ဘု​ရား​သ​ခင်​သည်​အ​ဘယ်​သို့ စီ​ရင်​တော်​မူ​လိမ့်​မည်​နည်း။သင်​တို့​အား​ကိုယ်​တော်​သည်​အ​ဘယ်​သို့ ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်​နည်း။

4 စစ်​သည်​တို့​၏​ထက်​မြက်​သော​မြား​ဖြင့်​လည်း ကောင်း၊ရဲ​ရဲ​တောက်​ပူ​လောင်​သည့်​မီး​ခဲ​ဖြင့်​လည်း​ကောင်း ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်။

5 သင်​တို့​နှင့်​ငါ​နေ​ရ​သည်​မှာ​မေ​ရှက်​ပြည်​၌ နေ​ထိုင်​ရ​သ​ကဲ့​သို့​လည်း​ကောင်း၊ကေ​ဒါ အ​မျိုး​သား​များ​နှင့်​အ​တူ နေ​ထိုင်​ရ​သ​ကဲ့​သို့​လည်း​ကောင်း​ဆိုး​ရွား​ပါ​၏။

6 ငါ​သည်​ငြိမ်း​ချမ်း​ရေး​ကို​မုန်း​သော​သူ​တို့​နှင့် နေ​ရ​သည်​မှာ​ကြာ​မြင့်​လွန်း​လေ​ပြီ။

7 ငါ​သည်​ငြိမ်း​ချမ်း​ရေး​အ​ကြောင်း​ပြော​ဆို သော​အ​ခါ သူ​တို့​က​စစ်​တိုက်​ရန်​ပြော​ဆို​ကြ​၏။