1 ထာဝရဘုရား၊ ကျွန်တော်မျိုးတွင်ရန်သူများစွာရှိပါ၏။ကျွန်တော်မျိုးတစ်ဘက်၌ထကြွသူများကြပါ၏။
2 သူတို့ကကိုယ်တော်သည်ကျွန်တော်မျိုးကိုကူမတော်မူလိမ့်မည်မဟုတ်ကြောင်း ပြောဆိုကြပါ၏။
3 သို့ရာတွင် အို ထာဝရဘုရား၊ကိုယ်တော်သည်ဒိုင်းလွှားသဖွယ်ကျွန်တော်မျိုး အား ဘေးရန်များမှအစဉ်ကွယ်ကာတော်မူပါ၏။ကိုယ်တော်သည်ကျွန်တော်မျိုးအားအောင်ပွဲကိုပေးတော်မူလျက်ရဲစွမ်းသတ္တိနှင့်ပြန်လည် ပြည့်ဝစေတော်မူပါ၏။
4 ငါသည်ထာဝရဘုရား၏ထံတော်သို့ကူမ တော်မူရန် ဟစ်အော်တောင်းလျှောက်သည့်အခါကိုယ်တော်သည်သန့်ရှင်းမြင့်မြတ်ရာတောင်ပေါ်မှငါ၏ဆုတောင်းပတ္ထနာသံကိုနားညောင်းတော်မူ၏။
5 ထာဝရဘုရားသည်ငါ့ကိုကွယ်ကာစောင့်ထိန်းတော်မူသောကြောင့်ငါသည်လဲလျောင်း အိပ်ပျော်ခွင့်ကိုရရှိ၏။
6 မိမိပတ်လည်တွင်ဝိုင်းရံလျက်ရှိသောရန်သူထောင်သောင်းများစွာတို့ကို ငါသည်မကြောက်။
7 အို ထာဝရဘုရား၊ ကြွလာတော်မူပါ။ကျွန်တော်မျိုး၏ဘုရားသခင်၊ကျွန်တော်မျိုးအား ကယ်တော်မူပါ။ကိုယ်တော်သည်ကျွန်တော်မျိုး၏ရန်သူအပေါင်းတို့၏ ပါးရိုးကိုရိုက်၍သူတို့၏သွားကိုချိုးတော်မူ၏။
8 ထာဝရဘုရားသည်အောင်ပွဲကိုပေးပိုင်သော အရှင်ဖြစ်တော်မူ၏။ကိုယ်တော်၏လူစုတော်အပေါ်သို့ ကောင်းချီးမင်္ဂလာသက်ရောက်ပါစေသော။