1 အို ဘုရားသခင်၊ကျွန်တော်မျိုးတို့ကိုသနားတော်မူ၍ ကောင်းချီးပေးတော်မူပါ။ကရုဏာစိတ်နှင့်ကျွန်တော်မျိုးတို့အား ကြည့်တော်မူပါ။
2 သို့မှသာလျှင်ကမ္ဘာသူကမ္ဘာသားအပေါင်း တို့သည်ကိုယ်တော်ရှင်၏အလိုတော်ကိုသိရှိကြပါလိမ့်မည်။လူမျိုးအပေါင်းတို့သည်ကိုယ်တော်ရှင်၏ ကယ်တင်ခြင်းကျေးဇူးတော်ကိုသိကြပါ လိမ့်မည်။
3 အို ဘုရားသခင်၊လူမျိုးအပေါင်းတို့သည်ကိုယ်တော်ရှင်အား ထောမနာပြုကြပါစေသော။လူမျိုးအပေါင်းတို့သည်ကိုယ်တော်ရှင်အား ထောမနာပြုကြပါစေသော။
4 ကိုယ်တော်ရှင်သည်လူတို့အားဖြောင့်မှန်စွာ တရားစီရင်တော်မူ၍လူမျိုးတကာတို့အားလမ်းပြပို့ဆောင်တော် မူသဖြင့်သူတို့သည်ဝမ်းမြောက်ရွှင်လန်းစွာ သီချင်းဆိုကြပါစေသော။
5 အို ဘုရားသခင်၊လူမျိုးတို့သည်ကိုယ်တော်ရှင်အား ထောမနာပြုကြပါစေသော။လူမျိုးအပေါင်းတို့သည်ကိုယ်တော်ရှင်အား ထောမနာပြုပါစေသော။
6 မြေကြီးသည်အသီးအနှံများကိုဖြစ်ပွားစေပြီ။ငါတို့၏ဘုရားသည်ငါတို့အား ကောင်းချီးပေးတော်မူပြီ။
7 ဘုရားသခင်သည်ငါတို့အားကောင်းချီး ပေးတော်မူပြီ။ကမ္ဘာအရပ်ရပ်ရှိလူအပေါင်းတို့သည်ကိုယ်တော်ကို ကြောက်ရွံ့ရိုသေကြပါစေသော။