3 မကောင်းမှုကိုအဘယ်အခါ၌မျှသည်းခံမည် မဟုတ်ပါ။ဘုရားသခင်အားကျောခိုင်းသူတို့၏ အပြုအမူတို့ကိုမုန်း၍ထိုအပြုအမူတို့နှင့်အဘယ်သို့မျှပတ်သက် မည် မဟုတ်ပါ။
4 ငါသည်လိမ်လည်ကောက်ကျစ်မည်မဟုတ်ပါ။မကောင်းမှုပြုသူတို့နှင့်ပေါင်းဖော်မည်မဟုတ်ပါ။
5 သူတစ်ပါးအကြောင်းမကောင်းသတင်း တီးတိုးလွှင့်တတ်သူကိုဖယ်ရှားပစ်ပါမည်။မာန်မာနထောင်လွှားလျက်စိတ်နေမြင့်သူကို သည်းခံမည်မဟုတ်ပါ။
6 ငါသည်ထာဝရဘုရားအားသစ္စာစောင့်သူတို့ကို နှစ်သက်ပါမည်။သူတို့အားငါ၏နန်းတော်တွင်နေခွင့်ပြုပါမည်။လိမ်လည်ကောက်ကျစ်မှုကင်းရှင်းသူတို့အား ငါ၏အမှုတို့ကိုထမ်းဆောင်စေပါမည်။
7 လိမ်လည်ပြောဆိုတတ်သူသည်ငါ၏နန်းတော်တွင် နေရမည်မဟုတ်ပါ။သူတော်ယောင်ဆောင်တတ်သူသည် ငါ၏ရှေ့မှောက်တွင်နေရမည်မဟုတ်ပါ။