ဆာ​လံ 104:21-27 BCL

21 ခြင်္သေ့​ပျို​တို့​သည်​အ​စာ​ရှာ​နေ​စဉ်​ဟောက်​ကြ​ပါ​၏။သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ချ​ပေး​တော်​မူ​သော အ​စာ​ကို​ရှာ​ကြ​၍

22 နေ​ထွက်​လာ​သော​အ​ခါ​မိ​မိ​တို့​၏ သား​ရဲ​တွင်း​များ​သို့​ပြန်​၍​ခို​အောင်း​ကြ​ပါ​၏။

23 ထို​အ​ခါ​လူ​တို့​သည်​မိ​မိ​တို့​အ​လုပ်​များ​ကိုလုပ်​ကိုင်​ရန်​ထွက်​လာ​ကာ​ည​နေ​ချမ်း​တိုင်​အောင် အ​လုပ်​လုပ်​ကြ​ပါ​၏။

24 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​ဖန်​ဆင်း​တော်​မူ​သော​အ​ရာ​တို့​သည် များ​လှ​ပါ​၏။ဉာဏ်​ပ​ညာ​တော်​ဖြင့်​ထို​အ​ရာ​အ​ပေါင်း​တို့​ကို ဖန်​ဆင်း​တော်​မူ​ပါ​၏။ကမ္ဘာ​မြေ​ကြီး​သည်​ကိုယ်​တော်​ရှင်ဖန်​ဆင်း​တော်​မူ​သော​သတ္တ​ဝါ​များ​နှင့် ပြည့်​လျက်​ရှိ​ပါ​၏။

25 မ​ရေ​မ​တွက်​နိုင်​သော​သတ္တ​ဝါ​ကြီး​ငယ်​တို့ နေ​ထိုင်​ရာ အ​ပြော​ကျယ်​သည့်​သ​မုဒ္ဒ​ရာ​ကြီး​ရှိ​ပါ​၏။

26 သ​မုဒ္ဒ​ရာ​ထဲ​တွင်​သင်္ဘော​များ​ရွက်​လွှင့်​ကြ​ပါ​၏။ကိုယ်​တော်​ရှင်​ဖန်​ဆင်း​တော်​မူ​သည့်​ရေသတ္တ​ဝါ ကြီး လ​ဝိ​သန်​သည်​လည်း​ခုန်​ပေါက်​မြူး​တူး ပါ​၏။

27 ထို​တိ​ရစ္ဆာန်​များ​အား​လုံး​တို့​သည်​အ​ချိန်​တန်​လျှင် အ​စာ​ရ​ရှိ​ရန်​ကိုယ်​တော်​ရှင်​ကို​အား​ကိုး​ကြ​ပါ​၏။