ဆာ​လံ 104:4-10 BCL

4 ကိုယ်​တော်​ရှင်​သည်​လေ​တို့​ကို​စေ​တ​မန်​များ အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊လျှပ်​စစ်​လျှပ်​နွယ်​တို့​ကို​အ​စေ​ခံ​များ အ​ဖြစ်​ဖြင့်​လည်း​ကောင်း​အ​သုံး​ပြု​တော် မူ​ပါ​၏။

5 ကိုယ်​တော်​ရှင်​သည်​ကမ္ဘာ​မြေ​ကြီး​ကိုအ​ဘယ်​အ​ခါ​၌​မျှ​မ​လှုပ်​ရှား​နိုင်​စိမ့် သော​ငှာ အုတ်​မြစ်​ချ​၍​တည်​တော်​မူ​ပါ​ပြီ။

6 ထို​နောက်​ကမ္ဘာ​မြေ​ကြီး​ကို​သ​မုဒ္ဒ​ရာ​ဖြင့် ဝတ်​လုံ​သ​ဖွယ်​ဖုံး​လွှမ်း​တော်​မူ​ပါ​၏။ရေ​သည်​လည်း​တောင်​များ​ကို​လွှမ်း​မိုး​ပါ​၏။

7 ကိုယ်​တော်​ရှင်​ဆုံး​မ​တော်​မူ​လိုက်​သော​အ​ခါ ရေ​တို့​သည်​ပြေး​သွား​ကြ​ပါ​၏။ရေ​တို့​သည်​ကိုယ်​တော်​ရှင်​၏​မိုး​ချုန်း​သံ​ကို ကြား​သော​အ​ခါ​လျင်​မြန်​စွာ​စီး​ဆင်း​သွား ကြ​ပါ​၏။

8 ရေ​တို့​သည်​တောင်​များ​ပေါ်​မှ ချိုင့်​ဝှမ်း​များ​သို့​လည်း​ကောင်း၊ကိုယ်​တော်​ရှင်​သူ​တို့​အ​တွက်​ပြင်​ဆင်​သတ်​မှတ် ထား​သည့်​အ​ရပ်​သို့​လည်း​ကောင်း​စီး​သွား ကြ​ပါ​၏။

9 ကမ္ဘာ​မြေ​ကြီး​ကို​နောက်​တစ်​ဖန်​ရေ​မ​လွှမ်း​မိုး​စေ​ရန်ကိုယ်​တော်​ရှင်​သည်​ရေ​တို့​ကူး​ကျော်​၍​မ​ရ​နိုင်​သည့် နယ်​နိ​မိတ်​ကို​သတ်​မှတ်​ပေး​တော်​မူ​ပါ​၏။

10 ကိုယ်​တော်​ရှင်​သည်​ချိုင့်​ဝှမ်း​များ​တွင်​စမ်း​ချောင်း တို့​ကိုပေါ်​ပေါက်​စေ​တော်​မူ​၍​တော​များ​အ​ကြား​တွင် မြစ်​များ​စီး​ဆင်း​စေ​တော်​မူ​ပါ​၏။