ဆာ​လံ 105:18-19-25 BCL

18-19 ယော​သပ်​ကြို​တင်​ဟော​ကြား​သည့်​အ​တိုင်း ဖြစ်​ပျက်​၍​မ​လာ​မီယော​သပ်​သည်​ခြေ​ကျင်း​အ​ခတ်​ခံ​ရ​၏။သူ​၏​လည်​တွင်​လည်း​သံ​လည်​ပတ်​အ​တပ်​ခံ​ရ​၏။သူ့​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော ဗျာ​ဒိတ်​စ​ကား​အ​တိုင်း​ဖြစ်​ပျက်​လာ​၏။

20 ထို​အ​ခါ​အီ​ဂျစ်​ဘု​ရင်​သည်​ယော​သပ်​အား အ​ကျဉ်း​ထောင်​မှ​လွှတ်​စေ​တော်​မူ​၏။လူ​မျိုး​တ​ကာ​တို့​၏​ဘု​ရင်​သည်​ယော​သပ် အား လွတ်​မြောက်​စေ​တော်​မူ​၏။

21 မင်း​ကြီး​သည်​သူ့​အား​တိုင်း​ပြည်​အုပ်​ချုပ်​ရေး တာ​ဝန်​ကို​အပ်​နှင်း​တော်​မူ​၍တစ်​နိုင်​ငံ​လုံး​၏​ဘု​ရင်​ခံ​အ​ဖြစ်​ဖြင့် ခန့်​ထား​တော်​မူ​၏။

22 သူ​သည်​မင်း​ကြီး​ခန့်​ထား​သည့်​အ​ရာ​ရှိ များ​အား အ​မိန့်​ပေး​ပိုင်​ခွင့်​ကို​လည်း​ကောင်း၊မှူး​မတ်​တို့​အား​ဆင့်​ဆို​ညွှန်​ကြား​ပိုင်​ခွင့် ကို​လည်း​ကောင်း​ရ​လေ​၏။

23 ထို​အ​ခါ​ယာ​ကုပ်​သည်​အီ​ဂျစ်​ပြည်​သို့​ရောက် ရှိ​လာ​၍ ထို​ပြည်​၌​အ​ခြေ​စိုက်​နေ​ထိုင်​လေ​၏။

24 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အားသား​သ​မီး​များ​စွာ​ထွန်း​ကား​လာ​စေ​တော်​မူ​သ​ဖြင့် ရန်​သူ​တို့​ထက်​ပို​၍​အင်​အား​ကြီး​မား​စေ​တော်​မူ​၏။

25 ကိုယ်​တော်​သည်​အီ​ဂျစ်​အ​မျိုး​သား​တို့​၏​စိတ်​ကို ပြောင်း​လဲ​စေ​သ​ဖြင့်သူ​တို့​သည်​ကိုယ်​တော်​၏​လူ​စု​တော်​အား​မုန်း​၍ လိမ်​လည်​လှည့်​ဖျား​ကြ​၏။