ဆာ​လံ 105:29-35 BCL

29 ကိုယ်​တော်​သည်​သူ​တို့​၏​မြစ်​များ​ကို​သွေး အ​တိ ဖြစ်​စေ​တော်​မူ​၍ငါး​ရှိ​သ​မျှ​တို့​ကို​သေ​စေ​တော်​မူ​၏။

30 ဘု​ရင့်​နန်း​တော်​အ​ပါ​အ​ဝင်​သူ​တို့​၏​ပြည်​သည် ဖား​များ​နှင့်​ပြည့်​လေ​၏။

31 ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​ပေး​တော်​မူ​သော​အ​ခါငှက်​နှင့်​ယင်​ရဲ​တို့​သည်​တစ်​ပြည်​လုံး​သို့ အုပ်​လိုက်​ရောက်​ရှိ​လာ​ကြ​ကုန်​၏။

32 ကိုယ်​တော်​သည်​ထို​ပြည်​တွင်​မိုး​အ​စား မိုး​သီး​ကို​ရွာ​စေ​တော်​မူ​၍လျှပ်​ပန်း​လျှပ်​နွယ်​များ​ကို​ဖြစ်​ပွား​စေ​တော်​မူ​၏။

33 ထို​သူ​တို့​၏​စ​ပျစ်​ပင်​နှင့်​သင်္ဘော​သ​ဖန်း​ပင်​တို့​ကို ဖျက်​ဆီး​ပစ်​တော်​မူ​၍တစ်​ပြည်​လုံး​ရှိ​သစ်​ပင်​များ​ကို​ကျိုး​ကျ စေ​တော်​မူ​၏။

34 ကိုယ်​တော်​အ​မိန့်​ပေး​တော်​မူ​သော​အ​ခါသန်း​ပေါင်း​များ​စွာ​မ​ရေ​မ​တွက်​နိုင်​သော နှံ​ကောင်​တို့​သည်​ရောက်​ရှိ​လာ​ကြ​၍

35 တိုင်း​ပြည်​တွင်​ရှိ​သ​မျှ​သော​အ​ပင်​ငယ်​တို့​ကို စား​ကြ​ကုန်​၏။အ​သီး​အ​နှံ​ရှိ​သ​မျှ​တို့​ကို​ကိုက်​စား​ကြ ကုန်​၏။