ဆာ​လံ 105:35-41 BCL

35 တိုင်း​ပြည်​တွင်​ရှိ​သ​မျှ​သော​အ​ပင်​ငယ်​တို့​ကို စား​ကြ​ကုန်​၏။အ​သီး​အ​နှံ​ရှိ​သ​မျှ​တို့​ကို​ကိုက်​စား​ကြ ကုန်​၏။

36 ကိုယ်​တော်​သည်​အီ​ဂျစ်​ပြည်​ရှိ​အိမ်​ထောင်​စု အ​ပေါင်း​မှ သား​ဦး​တို့​ကို​သေ​ဒဏ်​ခတ်​တော်​မူ​၏။

37 ထို​နောက်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား ထုတ်​ဆောင်​သွား​တော်​မူ​၏။သူ​တို့​သည်​ရွှေ​ငွေ​များ​ကို​သယ်​ယူ​ခဲ့​ကြ​၏။သူ​တို့​အား​လုံး​ပင်​ကျန်း​မာ​သန်​စွမ်း​သူ​များ ဖြစ်​ကြ​၏။

38 အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​သူ​တို့​ကို​ကြောက် သ​ဖြင့်သူ​တို့​ထွက်​ခွာ​သွား​ကြ​သော​အ​ခါ ဝမ်း​မြောက်​ကြ​ကုန်​၏။

39 ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​လူ​စု​တော်​အ​ပေါ်​သို့ မိုး​တိမ်​ရိပ်​ကျ​စေ​တော်​မူ​၍ညဥ့်​အ​ခါ​အ​လင်း​ရ​စေ​ရန်​မီး​ကို​ပေး​တော် မူ​၏။

40 သူ​တို့​တောင်း​ခံ​သ​ဖြင့်​ကိုယ်​တော်​သည်​ငုံး​များ​ကို စေ​လွှတ်​ပေး​တော်​မူ​၏။သူ​တို့​ရောင့်​ရဲ​စွာ​စား​နိုင်​ကြ​စေ​ရန်​ကောင်း​ကင်​မှ အ​စား​အ​စာ​ကို​ချ​ပေး​တော်​မူ၏။

41 ကိုယ်​တော်​သည်​ကျောက်​ဆောင်​ကို​ခွဲ​တော်​မူ​သော​အ​ခါရေ​သည်​ပန်း​၍​ထွက်​လာ​ကာ​သဲ​ကန္တာ​ရ​တွင် မြစ်​သ​ဖွယ်​စီး​၍​သွား​၏။