ဆာ​လံ 105:8-15 BCL

8 ကိုယ်​တော်​သည်​မိ​မိ​၏​ပ​ဋိ​ညာဉ်​တော်​ကို ထာ​ဝ​စဉ် ခိုင်​မြဲ​စေ​တော်​မူ​လိမ့်​မည်။က​တိ​တော်​များ​ကို​လူ​မျိုး​ဆက်​တစ်​ထောင် တိုင်​အောင်​တည်​စေ​တော်​မူ​လိမ့်​မည်။

9 အာ​ဗြ​ဟံ​နှင့်​ပြု​တော်​မူ​သော​ပ​ဋိ​ညာဉ်​တော်​နှင့်ဣ​ဇာက်​အား​ပေး​တော်​မူ​သော​က​တိ​တော်​ကို တည်​စေ​တော်​မူ​လိမ့်​မည်။

10-11 ``သင့်​အား​ခါ​နာန်​ပြည်​ကို​ငါ​ပေး​မည်။သင်​သည်​ထို​ပြည်​ကို​အ​ပိုင်​ရ​လိမ့်​မည်'' ဟူ​၍ထာ​ဝ​ရ​ဘု​ရား​သည်​ယာ​ကုပ်​နှင့် ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၏။ဤ​ပ​ဋိ​ညာဉ်​သည်​ထာ​ဝ​စဉ်​တည်​လိမ့်​မည်။

12 ဘု​ရား​သ​ခင်​၏​လူ​စု​တော်​သည်အ​ရေ​အ​တွက်​အား​ဖြင့်​နည်း​ပါး​၍​ခါ​နာန်​ပြည်​တွင် သူ​စိမ်း​တစ်​ရံ​ဆံ​များ​ဖြစ်​ကြ​၏။

13 သူ​တို့​သည်​တစ်​နိုင်​ငံ​မှ​တစ်​နိုင်​ငံ​သို့​လည်း​ကောင်း၊တစ်​ရပ်​မှ​တစ်​ရပ်​သို့​လည်း​ကောင်း​လှည့်​လည် သွား​လာ​ရ​ကြ​၏။

14 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​သူ​တို့​အားဖိ​စီး​နှိပ်​စက်​ရန်​အ​ဘယ်​သူ​ကို​မျှ​ခွင့်​ပြု​တော်​မ​မူ။ သူ​တို့​ကို​ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။

15 ကိုယ်​တော်​က``ငါ​ရွေး​ချယ်​ထား​သည့်​အ​စေ​ခံ​တို့​ကို မ​ထိ​မ​ခိုက်​ကြ​နှင့်။ငါ​၏​ပ​ရော​ဖက်​တို့​အား​လက်​ဖျား​နှင့်​ပင်မ​တို့​ကြ​နှင့်'' ဟု​ရှင်​ဘု​ရင်​တို့​အား သ​တိ​ပေး​တော်​မူ​၏။