ဆာ​လံ 106:13-19 BCL

13 သို့​ရာ​တွင်​သူ​တို့​သည်​ကိုယ်​တော်​ပြု​တော်​မူ​သည့် အ​မှု​တော်​ကို​လျင်​မြန်​စွာ​မေ့​ပျောက်​လိုက်​ပြီး​လျှင်ကိုယ်​တော်​၏​လမ်း​ညွှန်​တော်​မူ​ချက်​ကို​မ​ခံ​ယူ​ဘဲ ပြု​မူ​ကျင့်​ကြံ​ကြ​၏။

14 သူ​တို့​သည်​တော​ကန္တာ​ရ​၌​အာ​သာ​ရမ္မက် ဖြစ်​ပေါ်​လာ​သည့်​အ​လျောက်ဘု​ရား​သ​ခင်​အား​သွေး​စမ်း​ကြ​၏။

15 သို့​ဖြစ်​၍​ကိုယ်​တော်​သည်​သူ​တို့​တောင်း​ခံ​သည့် အ​ရာ​ကို​ချ​ပေး​တော်​မူ​သော်​လည်းသူ​တို့​အား​ရော​ဂါ​ဆိုး​စွဲ​ကပ်​စေ​တော် မူ​၏။

16 သဲ​ကန္တာ​ရ​တွင်​သူ​တို့​သည်​မော​ရှေ​အား​လည်း​ကောင်း၊ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့်​အ​စေ​ခံ အာ​ရုန်​အား​လည်း​ကောင်း​ငြူ​စူ​ကြ​၏။

17 ထို​အ​ခါ​မြေ​ကြီး​သည်​အက်​ကွဲ​၍ ဒါ​သန်​ကို​လည်း​ကောင်း၊အ​ဘိ​ရံ​နှင့်​အိမ်​ထောင်​စု​သား​တို့​ကို​လည်း​ကောင်း မျို​လေ​၏။

18 မီး​လျှံ​သည်​သူ​တို့​၏​နောက်​လိုက်​သူ​ယုတ်​မာ​တို့ အ​ပေါ်​သို့​ကျ​၍​ကျွမ်း​လောင်​စေ​၏။

19 သူ​တို့​သည်​သိ​နာ​တောင်​အ​နီး​တွင်ရွှေ​ဖြင့်​နွား​သ​ငယ်​ရုပ်​ကို​သွန်း​လုပ်​ကြ​ပြီး နောက် ရှိ​ခိုး​ကြ​၏။