14 သူတို့သည်တောကန္တာရ၌အာသာရမ္မက် ဖြစ်ပေါ်လာသည့်အလျောက်ဘုရားသခင်အားသွေးစမ်းကြ၏။
15 သို့ဖြစ်၍ကိုယ်တော်သည်သူတို့တောင်းခံသည့် အရာကိုချပေးတော်မူသော်လည်းသူတို့အားရောဂါဆိုးစွဲကပ်စေတော် မူ၏။
16 သဲကန္တာရတွင်သူတို့သည်မောရှေအားလည်းကောင်း၊ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်သည့်အစေခံ အာရုန်အားလည်းကောင်းငြူစူကြ၏။
17 ထိုအခါမြေကြီးသည်အက်ကွဲ၍ ဒါသန်ကိုလည်းကောင်း၊အဘိရံနှင့်အိမ်ထောင်စုသားတို့ကိုလည်းကောင်း မျိုလေ၏။
18 မီးလျှံသည်သူတို့၏နောက်လိုက်သူယုတ်မာတို့ အပေါ်သို့ကျ၍ကျွမ်းလောင်စေ၏။
19 သူတို့သည်သိနာတောင်အနီးတွင်ရွှေဖြင့်နွားသငယ်ရုပ်ကိုသွန်းလုပ်ကြပြီး နောက် ရှိခိုးကြ၏။
20 သူတို့သည်ဘုရားသခင်၏ဘုန်းအသရေ တော်ကိုမြက်စားတိရစ္ဆာန်ရုပ်နှင့်အစားထိုးကြကုန်၏။