ဆာ​လံ 106:15-21 BCL

15 သို့​ဖြစ်​၍​ကိုယ်​တော်​သည်​သူ​တို့​တောင်း​ခံ​သည့် အ​ရာ​ကို​ချ​ပေး​တော်​မူ​သော်​လည်းသူ​တို့​အား​ရော​ဂါ​ဆိုး​စွဲ​ကပ်​စေ​တော် မူ​၏။

16 သဲ​ကန္တာ​ရ​တွင်​သူ​တို့​သည်​မော​ရှေ​အား​လည်း​ကောင်း၊ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့်​အ​စေ​ခံ အာ​ရုန်​အား​လည်း​ကောင်း​ငြူ​စူ​ကြ​၏။

17 ထို​အ​ခါ​မြေ​ကြီး​သည်​အက်​ကွဲ​၍ ဒါ​သန်​ကို​လည်း​ကောင်း၊အ​ဘိ​ရံ​နှင့်​အိမ်​ထောင်​စု​သား​တို့​ကို​လည်း​ကောင်း မျို​လေ​၏။

18 မီး​လျှံ​သည်​သူ​တို့​၏​နောက်​လိုက်​သူ​ယုတ်​မာ​တို့ အ​ပေါ်​သို့​ကျ​၍​ကျွမ်း​လောင်​စေ​၏။

19 သူ​တို့​သည်​သိ​နာ​တောင်​အ​နီး​တွင်ရွှေ​ဖြင့်​နွား​သ​ငယ်​ရုပ်​ကို​သွန်း​လုပ်​ကြ​ပြီး နောက် ရှိ​ခိုး​ကြ​၏။

20 သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ တော်​ကိုမြက်​စား​တိ​ရစ္ဆာန်​ရုပ်​နှင့်​အ​စား​ထိုး​ကြ​ကုန်​၏။

21 အီ​ဂျစ်​ပြည်​တွင်​အံ့​သြ​ဖွယ်​ကောင်း​သော အ​မှု​တော်​များ​ဖြင့်မိ​မိ​တို့​အား​ကယ်​တော်​မူ​ခဲ့​သော​ဘု​ရား​သ​ခင်​ကို မေ့​လျော့​ကြ​၏။