29 သူတို့သည်ယင်းသို့ပြုမူခြင်းအားဖြင့် ထာဝရဘုရား၏အမျက်တော်ကိုလှုံ့ဆော်ပေးကြရာသူတို့တွင်ရောဂါဆိုး ကပ်ရောက်လေ၏။
30 သို့ရာတွင်ဖိနဟတ်သည်ထ၍အပြစ်ရှိသူတို့ကိုဒဏ်စီရင်လိုက်သဖြင့် ကပ်ရောဂါသည်ငြိမ်းလေ၏။
31 ဖိနဟတ်ပြုခဲ့သည့်ကျေးဇူးကိုယနေ့တိုင်အောင် လူတို့သတိရကြကုန်၏။နောင်ကာလအစဉ်မပြတ်လည်း သတိရကြပေလိမ့်မည်။
32 သူတို့သည်မေရိဘစမ်းချောင်းအနီးတွင် ထာဝရဘုရားအားအမျက်ထွက်စေကြ၏။သူတို့အတွက်ကြောင့်မောရှေသည်ဒုက္ခရောက် ရ၏။
33 သူတို့သည်မောရှေအားလွန်စွာစိတ်နာကြည်းစေသဖြင့်သူမစဉ်းစား မဆင်ခြင်ဘဲစကားပြောမိ၏။
34 သူတို့သည်ခါနာန်အမျိုးသားတို့အားသုတ်သင်ပစ်ရန်ထာဝရဘုရားစေခိုင်း တော်မူသည့်အတိုင်းမပြုမလုပ်ကြဘဲ
35 ထိုသူတို့နှင့်ထိမ်းမြားမင်္ဂလာပြုလျက်သူတို့၏ ဋ္ဌလေ့ထုံးစံများကိုလိုက်နာကျင့်သုံးကြ၏။