34 သူတို့သည်ခါနာန်အမျိုးသားတို့အားသုတ်သင်ပစ်ရန်ထာဝရဘုရားစေခိုင်း တော်မူသည့်အတိုင်းမပြုမလုပ်ကြဘဲ
35 ထိုသူတို့နှင့်ထိမ်းမြားမင်္ဂလာပြုလျက်သူတို့၏ ဋ္ဌလေ့ထုံးစံများကိုလိုက်နာကျင့်သုံးကြ၏။
36 ဘုရားသခင်၏လူစုတော်သည်ရုပ်တုများကို ရှိခိုးကြသဖြင့်ပျက်စီးဆုံးရှုံးရ ကြ၏။
37 သူတို့သည်မိမိတို့၏သားသမီးများကိုယဇ်ကောင်များအဖြစ်ဖြင့်ခါနာန်ရုပ်တုတို့အား ပူဇော်ကြ၏။
38 သူတို့သည်မိမိတို့၏အပြစ်မဲ့သူသားသမီးအရင်းအချာများကိုသတ် ဖြတ်ကာခါနာန်ရုပ်တုများအားပူဇော်ကြရာတိုင်းပြည်ကို ညစ်ညမ်းစေကြ၏။
39 ယင်းသို့သတ်ဖြတ်မှုများဖြင့်မိမိတို့ကိုယ်ကို ညစ်ညမ်းစေကြ၏။ယင်းသို့ပြုမူကြခြင်းအားဖြင့်ဘုရားသခင် ကိုလည်း သစ္စာဖောက်ကြ၏။
40 သို့ဖြစ်၍ထာဝရဘုရားသည်မိမိ၏လူစု တော်အား အမျက်ထွက်တော်မူ၏။သူတို့အားစက်ဆုပ်ရွံရှာတော်မူ၏။