ဆာ​လံ 106:35-41 BCL

35 ထို​သူ​တို့​နှင့်​ထိမ်း​မြား​မင်္ဂ​လာ​ပြု​လျက်​သူ​တို့​၏ ဋ္ဌ​လေ့​ထုံး​စံ​များ​ကို​လိုက်​နာ​ကျင့်​သုံး​ကြ​၏။

36 ဘု​ရား​သ​ခင်​၏​လူ​စု​တော်​သည်​ရုပ်​တု​များ​ကို ရှိ​ခိုး​ကြ​သ​ဖြင့်​ပျက်​စီး​ဆုံး​ရှုံး​ရ ကြ​၏။

37 သူ​တို့​သည်​မိ​မိ​တို့​၏​သား​သ​မီး​များ​ကိုယဇ်​ကောင်​များ​အ​ဖြစ်​ဖြင့်​ခါ​နာန်​ရုပ်​တု​တို့​အား ပူ​ဇော်​ကြ​၏။

38 သူ​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ်​မဲ့​သူသား​သ​မီး​အ​ရင်း​အ​ချာ​များ​ကို​သတ် ဖြတ်​ကာခါ​နာန်​ရုပ်​တု​များ​အား​ပူ​ဇော်​ကြ​ရာ​တိုင်း​ပြည်​ကို ညစ်​ညမ်း​စေ​ကြ​၏။

39 ယင်း​သို့​သတ်​ဖြတ်​မှု​များ​ဖြင့်​မိ​မိ​တို့​ကိုယ်​ကို ညစ်​ညမ်း​စေ​ကြ​၏။ယင်း​သို့​ပြု​မူ​ကြ​ခြင်း​အား​ဖြင့်​ဘု​ရား​သ​ခင် ကို​လည်း သစ္စာ​ဖောက်​ကြ​၏။

40 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု တော်​အား အ​မျက်​ထွက်​တော်​မူ​၏။သူ​တို့​အား​စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​၏။

41 ကိုယ်​တော်​သည်​သူ​တို့​အား​အ​ခြား​လူ​မျိုး​တို့​၏ လက်​တွင်​စွန့်​ပစ်​၍​ထား​တော်​မူ​သ​ဖြင့်ရန်​သူ​များ​သည်​သူ​တို့​ကို​အ​စိုး​ရ​ကြ​ကုန်​၏။