7 ကျွန်တော်မျိုးတို့၏ဘိုးဘေးများသည်အီဂျစ် ပြည်၌ဘုရားသခင်ပြုတော်မူသောအံ့သြဖွယ်ရာ အမှုတော်ကိုနားမလည်ကြပါ။သူတို့အားကြိမ်ဖန်များစွာပြတော်မူသော မေတ္တာတော်ကိုမေ့လျော့ကြပါ၏။ထိုနောက်ပင်လယ်နီအနီးတွင်အနန္တ တန်ခိုးရှင်ကို ပုန်ကန်ကြပါ၏။
8 သို့ရာတွင်ကိုယ်တော်သည်မိမိ၏ မဟာတန်ခိုးတော်ကိုပြရန်ကတိတော်ရှိသည်အတိုင်းသူတို့အား ကယ်တော်မူပါ၏။
9 ကိုယ်တော်သည်ပင်လယ်နီကိုအမိန့်ပေးတော် မူလျှင် ယင်းသည်ခန်းခြောက်၍သွား၏။ထိုနောက်မိမိ၏လူစုတော်အားခန်းခြောက်သော ပင်လယ်ကိုဖြတ်စေရန်ပို့ဆောင်တော်မူ၏။
10 ကိုယ်တော်သည်သူတို့ကိုမုန်းသောသူတို့၏လက်မှ ကယ်တော်မူ၏။သူတို့၏ရန်သူများလက်မှကယ်ဆယ်တော်မူ၏။
11 သူတို့၏ရန်သူများသည်ရေနစ်၍သေကြကုန်၏။တစ်စုံတစ်ယောက်မျှအသက်ရှင်၍မကျန်ခဲ့။
12 ထိုအခါကိုယ်တော်၏လူစုတော်သည်ကတိတော်ကို ယုံကြည်ကြလျက်ကိုယ်တော်အားထောမနာသီချင်းဆို ကြ၏။
13 သို့ရာတွင်သူတို့သည်ကိုယ်တော်ပြုတော်မူသည့် အမှုတော်ကိုလျင်မြန်စွာမေ့ပျောက်လိုက်ပြီးလျှင်ကိုယ်တော်၏လမ်းညွှန်တော်မူချက်ကိုမခံယူဘဲ ပြုမူကျင့်ကြံကြ၏။