18 သူတို့သည်အစားအစာကိုပင်ကြည့်ချင်စိတ် မရှိတော့ဘဲသေမင်း၏တံခါးဝအနီးသို့ရောက်ရကြ၏။
19 ထိုအခါသူတို့သည်ဒုက္ခရောက်ကြသဖြင့် ထာဝရဘုရားထံအော်ဟစ်ကြရာကိုယ်တော်သည်သူတို့အားဒုက္ခမှကယ်တော်မူ၏။
20 ကိုယ်တော်သည်အမိန့်တော်ပေး၍သူတို့အားရောဂါပျောက်ကင်းစေတော်မူပြီးလျှင် သင်္ချိုင်းတွင်းမှကယ်တော်မူ၏။
21 သူတို့သည်ထာဝရဘုရား၏ခိုင်မြဲသောမေတ္တာတော်အတွက်လည်းကောင်း၊မိမိတို့အားပြုတော်မူသောအံ့သြဖွယ် ရာများ အတွက်လည်းကောင်းကျေးဇူးတော်ကိုချီးမွမ်းကြရပေမည်။
22 သူတို့သည်ယဇ်ပူဇော်သကာဖြင့်ကိုယ်တော်၏ ကျေးဇူးတော်ကိုချီးမွမ်းကြရပေမည်။ဝမ်းမြောက်စွာသီချင်းဆိုလျက်ကိုယ်တော်ပြုတော်မူသောအမှုတော်တို့ကို ဖော်ပြရကြပေမည်။
23 လူအချို့တို့သည်သမုဒ္ဒရာတွင်သင်္ဘောလွှင့်၍ကူးသန်းသွားလာလျက်အသက်မွေးဝမ်းကျောင်း ရှာကြ၏။
24 သူတို့သည်ထာဝရဘုရားပြုတော်မူသောအမှုတော်များ၊ပင်လယ်တွင်ပြတော်မူသော အံ့သြဖွယ်ရာများကိုမြင်တွေ့ရကြ၏။