4 လူအချို့တို့သည်လမ်းမရှိသည့်သဲကန္တာရ တွင် လှည့်လည်လျက်နေခဲ့ကြ၏။သူတို့သည်မိမိတို့နေထိုင်စရာမြို့သို့သွားရာ လမ်းကိုရှာ၍မတွေ့ကြ။
5 သူတို့သည်အစာငတ်ရေငတ်ကြလျက် စိတ်ပျက်အားလျော့ကြ၏။
6 သူတို့သည်ဒုက္ခရောက်ကြသဖြင့် ထာဝရဘုရားထံအော်ဟစ်ကြရာကိုယ်တော်သည်သူတို့အားဒုက္ခမှကယ်တော် မူ၏။
7 ကိုယ်တော်သည်သူတို့နေထိုင်ရန်မြို့သို့လမ်း ဖြောင့်ဖြင့် ပို့ဆောင်တော်မူ၏။
8 သူတို့သည်ထာဝရဘုရား၏ခိုင်မြဲသော မေတ္တာတော်အတွက်လည်းကောင်း၊မိမိတို့အားပြုတော်မူသောအံ့သြဖွယ်ရာများ အတွက်လည်းကောင်းကျေးဇူးတော်ကိုချီးမွမ်းထောမနာပြုရ ကြပေမည်။
9 ကိုယ်တော်သည်ရေငတ်သူတို့အား ရေငတ်ပြေစေတော်မူ၏။ဆာလောင်မွတ်သိပ်သူတို့အားကောင်းသော အရာများနှင့်ဝစေတော်မူ၏။
10 အချို့သောသူတို့သည်မှောင်မိုက်အတိဖုံးလွှမ်းရာအရပ်၌နေထိုင်ရလျက်သံကြိုးဖြင့် ချည်နှောင်ခြင်းခံရလျက်ဒုက္ခခံရကြ၏။