7 ဗိမာန်တော်တွင်ဘုရားသခင်က``ငါသည်အောင်ပွဲခံ၍ရှေခင်မြို့ကိုပိုင်း ခြားမည်။သုကုတ်ချိုင့်ဝှမ်းကိုလည်းငါ၏လူစုတော် အား ခွဲဝေပေးမည်။
8 ဂိလဒ်ပြည်ကိုငါပိုင်၏။ မနာရှေပြည်ကို လည်း ငါပိုင်၏။ဧဖရိမ်ပြည်သည်ငါ၏သံခမောက်ဖြစ်၍ ယုဒပြည်သည်ငါ၏ရာဇလှံတံဖြစ်၏။
9 သို့ရာတွင်ငါသည်မောဘပြည်ကိုငါ၏ ခြေဆေးအိုးအဖြစ်ဖြင့်လည်းကောင်း၊ဧဒုံပြည်ကိုငါပိုင်ကြောင်းငါ့ဖိနပ်တင်ရာအဖြစ်ဖြင့်လည်းကောင်း အသုံးပြုမည်။ဖိလိတ္တိပြည်ပေါ်၌အောင်ပွဲခံ၍ကြွေးကြော် မည်'' ဟုမိန့်တော်မူပေသည်။
10 ဘုရားသခင်၊ခံတပ်တည်ဆောက်ထားသည့်မြို့အတွင်းသို့အဘယ်သူသည်ကျွန်တော် မျိုးအား ပို့ဆောင်ပါမည်နည်း။အဘယ်သူသည်ကျွန်တော်မျိုးအားဧဒုံ ပြည်သို့ ပို့ဆောင်ပါမည်နည်း။
11 ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားအကယ်ပင် စွန့်ပစ်တော်မူပါပြီလော။ကျွန်တော်မျိုး၏တပ်များနှင့်အတူချီတက် တော်မမူတော့ပြီလော။
12 လူတို့၏အကူအညီသည်အချည်းနှီးပင်ဖြစ်သောကြောင့်ရန်သူများကိုတိုက်ခိုက်နိုင်ရန် ကျွန်တော်မျိုးအားကူမတော်မူပါ။
13 ဘုရားသခင်သည်ငါတို့ဘက်၌ရှိတော် မူလျှင် ငါတို့သည်အနိုင်ရကြလိမ့်မည်။ကိုယ်တော်သည်ငါတို့၏ရန်သူများကို အရေးရှုံးနိမ့်စေတော်မူလိမ့်မည်။