ဆာ​လံ 115:10-16 BCL

10 အ​ချင်း​ဘု​ရား​သ​ခင်​၏​ယဇ်​ပု​ရော​ဟိတ် တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​စား​ကြ​လော့။ကိုယ်​တော်​သည်​သင်​တို့​ကို​ကူ​မ​တော်​မူ​၍ ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။

11 ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​သူ အ​ပေါင်း​တို့၊ ကိုယ်​တော်​ကို​ကိုး​စား​ကြ​လော့။ကိုယ်​တော်​သည်​သင်​တို့​ကို​ကူ​မ​တော်​မူ​၍ ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။

12 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​ကို​သ​တိ​ရ​တော် မူ​၍ ကောင်း​ချီး​ပေး​တော်​မူ​လိမ့်​မည်။ကိုယ်​တော်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ကို​လည်း​ကောင်း၊ဘု​ရား​သ​ခင်​၏ယဇ်​ပု​ရော​ဟိတ်​အ​ပေါင်း​တို့​ကို​လည်း ကောင်း ကောင်း​ချီး​ပေး​တော်​မူ​လိမ့်​မည်။

13 ကိုယ်​တော်​သည်​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ​သူအ​ပေါင်း​တို့​အား​ယုတ်​မြတ်​မ​ရွေး​ကောင်း​ချီး ပေး​တော်​မူ​လိမ့်​မည်။

14 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​နှင့်သင်​တို့​၏​သား​မြေး​တို့​အား​သား​သ​မီး​များ​ကို ပေး​တော်​မူ​ပါ​စေ​သော။

15 ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ကို​ဖန်​ဆင်း​တော် မူ​သောထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ကောင်း​ချီး​ပေး တော်​မူ​ပါ​စေ​သော။

16 ကောင်း​ကင်​ကို​ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း သာ​လျှင် ပိုင်​တော်​မူ​၏။ကမ္ဘာ​မြေ​ကြီး​ကို​မူ​ကား​လူ​သား​တို့​အား ပေး​တော်​မူ​၏။