ဆာ​လံ 116:3-9 BCL

3 သေ​မင်း​၏​ကျော့​ကွင်း​သည်​ငါ့​ကို​ဖမ်း​မိ​လျက် နေ​၏။ သေ​ဘေး​သည်​ငါ့​ကို​ဝိုင်း​ရံ​လျက်​နေ​၏။ငါ​သည်​ကြောက်​လန့်​၍​စိုး​ရိမ်​ပူ​ပန်​ရ​၏။

4 ထို​အ​ခါ``အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​တောင်း​ပန် ပါ​၏။ကျွန်​တော်​မျိုး​ကို​ကယ်​တော်​မူ​ပါ'' ဟုထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​သို့​ငါ​ဆု​တောင်း ပတ္ထ​နာ​ပြု​၏။

5 ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား​ကြင်​နာ​တော်​မူ​၍ ကျေး​ဇူး​ပြု​တော်​မူ​တတ်​၏။ငါ​တို့​၏​ဘု​ရား​သ​ခင်​သည်​က​ရု​ဏာ​တော်​ရှင် ဖြစ်​တော်​မူ​၏။

6 ထာ​ဝ​ရ​ဘု​ရား​သည်​ခို​ကိုး​ရာ​မဲ့​သူ​တို့​ကို ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။ငါ​ဘေး​ဥ​ပဒ်​ရောက်​သော​အ​ခါ​ငါ့​ကို ကယ်​တော်​မူ​၏။

7 အို ငါ့​စိတ်​နှ​လုံး၊ထာ​ဝ​ရ​ဘု​ရား​သည်ငါ့​အား​ကျေး​ဇူး​ပြု​တော်​မူ​ပြီ​ဖြစ်​၍ ယုံ​ကြည်​စိတ်​ချ​စွာ​နေ​လော့။

8 ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အ​သက်​ကို သေ​ဘေး​မှ​လည်း​ကောင်း၊ငါ့​မျက်​စိ​ကို​မျက်​ရည်​ကျ​ခြင်း​မှ​လည်း ကောင်း၊ငါ​၏​ခြေ​ကို​ချော်​လဲ​ခြင်း​မှ​လည်း​ကောင်း ကယ်​တော်​မူ​ပြီ။

9 သို့​ဖြစ်​၍​ငါ​သည်​အ​သက်​ရှင်​သူ လူ​သား​တို့​၏​ဘောင်​တွင်ဘု​ရား​သ​ခင်​၏​မျက်​မှောက်​တော်​၌သက်​ရှင်​လှုပ်​ရှား​လျက်​နေ​ရ​၏။