ဆာ​လံ 118:18-24 BCL

18 ကိုယ်​တော်​သည်​ငါ့​ကို​ကြပ်​တည်း​စွာဆုံး​မ​တော်​မူ​သော်​လည်း​သေ​မင်း​၏​လက်​သို့ အပ်​တော်​မ​မူ။

19 ငါ​၏​အ​တွက်​ဗိ​မာန်​တော်​တံ​ခါး​တို့​ကို​ဖွင့် လိုက်​ကြ။ငါ​သည်​ဝင်​၍​ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​မည်။

20 ဤ​တံ​ခါး​သည်​ထာ​ဝ​ရ​ဘု​ရား​၏​တံ​ခါး​ဖြစ်​၍ သူ​တော်​ကောင်း​တို့​သာ​လျှင်​ဝင်​ရ​ကြ​၏။

21 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​လျှောက်​ထား ချက်​ကို ကြား​တော်​မူ​၍ကျွန်​တော်​မျိုး​အား​အောင်​ပွဲ​ကို​ပေး​တော်​မူ သ​ဖြင့်ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​အား​ထော​မ​နာ ပြု​ပါ​၏။

22 တိုက်​ကို​တည်​ဆောက်​သူ​တို့​ပစ်​ပယ်​ထား​သောကျောက်​သည်​အ​ရေး​အ​ကြီး​ဆုံး​ဖြစ်​သော ထောင့်​ချုပ်​ကျောက်​ဖြစ်​လာ​ရ​၏။

23 ဤ​အ​မှု​ကား​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော အ​မှု​ဖြစ်​၏။ငါ​တို့​မျက်​မှောက်​၌​အံ့​သြ​ဖွယ် ကောင်း​လှ​ပါ​သည်​တ​ကား။

24 ဤ​နေ့​ရက်​သည်​ထာ​ဝ​ရ​ဘု​ရား​အောင်​ပွဲ ခံ​တော်​မူ​သော​နေ့​ရက်​ဖြစ်​၍ငါ​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကျင်း​ပ ကြ​ကုန်​အံ့။