76 ကတိတော်ရှိသည်အတိုင်းကိုယ်တော်ရှင်၏ ခိုင်မြဲသောမေတ္တာတော်သည်ကိုယ်တော့်အစေခံဖြစ်သူကွန်တော်မျိုးအား စိတ်သက်သာမှုကိုပေးတော်မူပါစေသော။
77 ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏တရား တော်ကို နှစ်သက်မြတ်နိုးသည်ဖြစ်၍ကွန်တော်မျိုးအားသနားတော်မူပါ။သို့ပြုလှင်ကွန်တော်မျိုးအသက်ရှင်ရပါ လိမ့်မည်။
78 မာန်မာနကြီးသူတို့သည်ကွန်တော်မျိုးအား လိမ်လည် စွပ်စွဲကြသည့်အတွက်အရှက်ရကြပါစေသော။ကွန်တော်မျိုးအဖို့မှာမူကိုယ်တော်ရှင်၏ ဥပဒေသတော်တို့ကိုဆင်ခြင်ပါမည်။
79 ကိုယ်တော်ရှင်ကိုကြောက်ရွံ့ရိုသေသောသူ"ကိုယ်တော်၏ဆုံးမသွန်သင်တော်မူခက်တို့ကို သိသောသူတို့သည်ကွန်တော်မျိုး၏ထံသို့လာကြပါစေသော။
80 ကွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ပညတ်တော် တို့ကို တစ်သဝေမတိမ်းလိုက်လှောက်သဖြင့်အရေးရှုံးနိမ့်၍အရှက်ကွဲမှုနှင့် ကင်းလွတ်ပါစေသော။
81 အို ထာဝရဘုရား"ကွန်တော်မျိုးသည်ကိုယ်တော်ရှင်ကယ်တော် မူမည်ကို စောင့်ဆိုင်းရ၍အားအင်ကုန်ခန်းလက်ရှိပါ၏။ကွန်တော်မျိုးသည်နှုတ်ကပတ်တော်ကို ကိုးစားပါ၏။
82 ``ကွန်တော်မျိုးအားအဘယ်သောအခါ၌ ကူမတော်မူပါမည်နည်း'' ဟုမေးလှောက်ကာကိုယ်တော်ရှင်ကတိထားတော်မူသည်ကိုစောင့်မှော်နေရသည်မှာကွန်တော်မျိုး၏ မက်စိမားသည်ညောင်းညာလက်နေပါ၏။