1 အကယ်၍ထာဝရဘုရားသာငါတို့ဘက်၌ရှိတော်မမူခဲ့လျှင်အဘယ်သို့ ဖြစ်ပါလိမ့်မည်နည်း။အို ဣသရေလအမျိုးသားတို့၊ဖြေကြားကြလော့။
2 ငါတို့အားရန်သူများတိုက်ခိုက်ကြစဉ်အခါကထာဝရဘုရားသာငါတို့ဘက်၌ရှိတော် မမူခဲ့လျှင်
3 သူတို့သည်ဒေါသအမျက်ချောင်းချောင်းထွက်၍ငါတို့အားအရှင်လတ်လတ်ဝါးမျိုလိုက်ကြ လိမ့်မည်။
4 ထိုနောက်ငါတို့သည်ရေစီးရာသို့မျောပါသွား၍ ရေသည်ငါတို့ကိုလွှမ်းမိုးလိမ့်မည်။
5 ငါတို့သည်အဟုန်ပြင်းသည့်ရေစီးချောင်းတွင် နစ်မြုပ်သွားကြလိမ့်မည်။
6 ငါတို့ကိုရန်သူများအုပ်ဖမ်းကိုက်စားသည့်အစာဖြစ်ခွင့်ပေးတော်မမူသောထာဝရဘုရား၏ ကျေးဇူးတော်ကိုချီးမွမ်းကြကုန်စို့။