1 အို ထာဝရဘုရား၊ကျွန်တော်မျိုးသည်မာန်မာနကိုစွန့်ပယ် ပါပြီ။ မောက်မာမှုကိုလည်းပယ်ရှားပါပြီ။ကျွန်တော်မျိုးသည်ကြီးကျယ်လှသည့် အမှုများတွင်သော်လည်းကောင်း၊မိမိသိရှိနားလည်ရန်ခက်ခဲလှသောအကြောင်းအရာများတွင်သော်လည်းကောင်း စိတ်မဝင်စားတော့ပါ။
2 ကျွန်တော်မျိုးသည်ကျေနပ်ရောင့်ရဲလျက် မိမိစိတ်ကိုငြိမ်းအေးစေပါပြီ။ကလေးငယ်သည်မိခင်၏ရင်ခွင်၌ ငြိမ်သက်စွာအိပ်နေသကဲ့သို့ကျွန်တော်မျိုး၏စိတ်နှလုံးသည်လည်း ငြိမ်သက်လျက်ရှိပါပြီ။
3 အို ဣသရေလ၊ယခုမှအစပြု၍ကာလအစဉ်အဆက်ထာဝရဘုရားကို ကိုးစားလော့။