ဆာ​လံ 136:13-19 BCL

13 ကိုယ်​တော်​သည်​ပင်​လယ်​နီ​ကို​နှစ်​ပိုင်း​ကွဲ​စေ တော်​မူ​၏။ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

14 ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​အား​ထို​ပင်​လယ်​ကို ဖြတ်​၍​ခေါ်​ဆောင်​သွား​တော်​မူ​၏။ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

15 ကိုယ်​တော်​သည်​ဖာ​ရော​ဘု​ရင်​နှင့်​သူ​၏​တပ်​မ​တော်​ကို ရေ​နစ်​သေ​ဆုံး​စေ​တော်​မူ​၏။ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

16 ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​အား တော​ကန္တာ​ရ​ကို​ဖြတ်​၍​လမ်း​ပြ​ပို့​ဆောင်​တော် မူ​၏။ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

17 ကိုယ်​တော်​သည်​ဘုန်း​ကြီး​သော​ဘု​ရင်​တို့​ကို ကွပ်​မျက်​တော်​မူ​၏။ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

18 ကိုယ်​တော်​သည်​ကျော်​စော​သော​ဘု​ရင်​တို့​ကို ကွပ်​မျက်​တော်​မူ​၏။ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။

19 အာ​မော​ရိ​ပြည်​ဘု​ရင်​ရှိ​ဟုန်​မင်း​ကို ကွပ်​မျက်​တော်​မူ​၏။ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။