4 အို ထာဝရဘုရား၊ကမ္ဘာမြေကြီးပေါ်ရှိဘုရင်အပေါင်းတို့သည်ကိုယ်တော်ရှင်၏ကတိတော်များကိုကြား သိရသဖြင့် ကိုယ်တော်ရှင်အားထောမနာပြုကြပါလိမ့်မည်။
5 သူတို့သည်ကိုယ်တော်ပြုတော်မူသောအမှုတော်အကြောင်းကိုလည်းကောင်း၊ကိုယ်တော်၏ကြီးမြတ်သောဘုန်းအသရေတော် အကြောင်းကိုလည်းကောင်းသီချင်းဆိုကြပါလိမ့်မည်။
6 ကိုယ်တော်သည်လွန်စွာကြီးမြတ်တော်မူသော်လည်း နိမ့်ကျသူတို့အားကြည့်ရှုစောင့်ရှောက်တော်မူ၏။မာန်မာနကြီးသူတို့ကိုမူကားအဝေးက သိတော်မူ၏။
7 ဒုက္ခများပတ်လည်ဝိုင်းလျက်နေချိန်၌ပင်လျှင်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏အသက်ကို ကာကွယ်တော်မူပါ၏။ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ရန်သူတို့၏ အမျက်ကိုဆီးတားတော်မူလျက်တန်ခိုးတော်အားဖြင့်ကျွန်တော်မျိုးကို ကယ်တော်မူပါ၏။
8 ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားကတိထားတော်မူသည့်အတိုင်းပြုတော်မူ ပါလိမ့်မည်။အို ထာဝရဘုရား၊ကိုယ်တော်ရှင်၏မေတ္တာတော်သည် ထာဝစဉ်တည်တော်မူပါ၏။အစပြုတော်မူသောအမှုတော်ကို ပြီးစီးစေတော်မူပါ။