17 အို ဘုရားသခင်၊ကိုယ်တော်ရှင်၏အကြံအစည်တော်တို့သည် ကျွန်တော်မျိုးအတွက်ခက်ခဲနက်နဲလှပါ၏။ယင်းတို့သည်များပြားလှပါသည်တကား။
18 ထိုအကြံအစည်တော်တို့ကိုကျွန်တော်မျိုး ရေတွက်ရမည်ဆိုသော်ယင်းတို့သည်သဲလုံးများထက်များပါလိမ့်မည်။အိပ်ရာမှနိုးထသောအခါ၌ကျွန်တော်မျိုး သည် ကိုယ်တော်ရှင်နှင့်အတူရှိနေဦးမည်။
19 အို ဘုရားသခင်၊သူယုတ်မာတို့အားကိုယ်တော်ရှင် ကွပ်မျက်တော်မူပါစေသော။အကြမ်းဖက်သမားတို့သည်ကျွန်တော်မျိုးထံမှ ထွက်သွားစေတော်မူပါ။
20 သူတို့သည်ကိုယ်တော်ရှင်၏အကြောင်းတော်ကို ယုတ်မာစွာပြောဆိုကြပါ၏။ကိုယ်တော်ရှင်၏နာမတော်ကိုပုတ်ခတ် ပြောဆိုကြပါ၏။
21 အို ထာဝရဘုရား၊ကိုယ်တော်ရှင်ကိုပုန်ကန်သူတို့အား ကျွန်တော်မျိုးလွန်စွာစက်ဆုပ်ပါ၏။
22 ကျွန်တော်မျိုးသည်သူတို့ကိုစိတ်နှလုံး အကြွင်းမဲ့ မုန်းပါ၏။သူတို့အားကျွန်တော်မျိုး၏ရန်သူများကဲ့သို့ မှတ်ပါ၏။
23 အို ဘုရားသခင်၊ကျွန်တော်မျိုးကိုစစ်ဆေးတော်မူ၍ကျွန်တော်မျိုး၏ စိတ်နှလုံးကိုသိမှတ်တော်မူပါ။ကျွန်တော်မျိုးကိုစစ်ကြောတော်မူ၍ကျွန်တော်မျိုး၏ အကြံအစည်များကိုသိမှတ်တော်မူပါ။