3 ကျွန်တော်မျိုးသည်အလုပ်လုပ်လျက်နေသည် ဖြစ်စေ၊ နားလျက်နေသည်ဖြစ်စေကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကို မြင်တော်မူပါ၏။ကျွန်တော်မျိုးပြုသမျှသောအမှုတို့ကို သိတော်မူပါ၏။
4 ကျွန်တော်မျိုးနှုတ်ကိုမဖွင့်မီ၌ပင်လျှင်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးပြောဆိုမည့် စကားတို့ကိုသိရှိပြီးဖြစ်ပါ၏။
5 ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ရှေ့နောက်တွင် စောင့်ကြပ်လျက်နေတော်မူပါ၏။တန်ခိုးတော်ဖြင့်ကျွန်တော်မျိုးကိုကွယ်ကာ စောင့်ထိန်းတော်မူပါ၏။
6 ကျွန်တော်မျိုး၏အကြောင်းကိုကိုယ်တော်ရှင် သိတော်မူပုံမှာအံ့သြဖွယ်ဖြစ်ပါ၏။ထိုသို့သောအသိဉာဏ်သည်ကျွန်တော်မျိုး နားမလည်နိုင်အောင်နက်နဲလှပါ၏။
7 ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်နှင့်ကင်းဝေးစေရန် အဘယ်အရပ်သို့သွားနိုင်ပါမည်နည်း။ကိုယ်တော်ရှင်၏မျက်မှောက်တော်မှကင်းလွတ် စေရန် အဘယ်အရပ်သို့ထွက်ခွာနိုင်ပါမည်နည်း။
8 အကယ်၍ကျွန်တော်မျိုးသည်ကောင်းကင်သို့တက်လျှင်ထိုအရပ်တွင် ကိုယ်တော်ရှင်ရှိတော်မူပါ၏။အကယ်၍ကျွန်တော်မျိုးသည်မရဏာ နိုင်ငံတွင် လဲလျောင်းလျှင်ထိုအရပ်တွင်ကိုယ်တော်ရှင်ရှိတော်မူပါ၏။
9 အကယ်၍ကျွန်တော်မျိုးသည်နေထွက်ရာ အရပ်သို့ ပျံသွားလျှင်လည်းကောင်း၊နေဝင်ရာအရပ်တွင်နေထိုင်လျှင်လည်းကောင်း