ဆာ​လံ 140:1-6 BCL

1 အို ထာ​ဝ​ရ​ဘု​ရား၊ဆိုး​ညစ်​သူ​တို့​လက်​မှ​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ။အ​ကြမ်း​ဖက်​သ​မား​တို့​၏​ဘေး​မှ လုံ​ခြုံ​စွာ​ထား​တော်​မူ​ပါ။

2 သူ​တို့​သည်​အ​စဉ်​ပင်​မ​ကောင်း​မှု​ပြု​ရန်ကြံ​စည်​လျက်​အ​စဉ်​ပင်​ခိုက်​ရန်​ဖြစ်​ပွား စေ​ရန် လှုံ့​ဆော်​ပေး​ကြ​ပါ​၏။

3 သူ​တို့​၏​လျှာ​သည်​အ​ဆိပ်​ပြင်း​သော​မြွေ​နှင့်​တူ​၍သူ​တို့​၏​စ​ကား​သည်​မြွေ​ဟောက်​၏ အ​ဆိပ်​နှင့်​တူ​ပါ​၏။

4 အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​အား​သူ​ယုတ်​မာ​တို့​၏​ဘေး​မှ ကွယ်​ကာ​စောင့်​ထိန်း​တော်​မူ​ပါ။ကျွန်​တော်​မျိုး​ပြို​လဲ​ပျက်​စီး​စေ​ရန်​ကြံ​စည်​သူအ​ကြမ်း​ဖက်​သ​မား​တို့​၏​ဘေး​မှ​လုံ​ခြုံ​စွာ ထား​တော်​မူ​ပါ။

5 မာန်​မာ​န​ကြီး​သူ​တို့​သည်​ကျွန်​တော်​မျိုး​အ​တွက် ထောင်​ချောက်​ကို​ထောင်​ထား​ကြ​ပါ​ပြီ။သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​ဖမ်း​ရန်လမ်း​တွင်​ပိုက်​ကွန်​ကို​ဖြန့်​၍​ကျော့​ကွင်း​ကို ထောင်​ထား​ကြ​ပါ​ပြီ။

6 ``ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ဘု​ရား​ဖြစ်​တော်​မူ​၏'' ဟု​ထာ​ဝ​ရ​ဘု​ရား​အား လျှောက်​ထား​၏။အို ထာ​ဝ​ရ​ဘု​ရားကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​ကို ကြား​တော်​မူ​ပါ​၏။