6 ကိုယ်တော်၏အမိန့်တော်အရယင်းတို့သည်မိမိတို့သက်ဆိုင်ရာနေရာများတွင်အစဉ် အမြဲ တည်နေရကြ၏။ယင်းတို့သည်အမိန့်တော်ကိုမလွန်ဆန်နိုင်ကြ။
7-8 မြွေနဂါးများနှင့်ရေနက်ရာအရပ်အပေါင်းတို့၊လျှပ်စစ်လျှပ်နွယ်နှင့်မိုးသီးတို့၊မိုးပွင့်နှင့်မိုးတိမ်တို့၊ကိုယ်တော်၏အမိန့်တော်ကို နာခံသည့်လေပြင်းမုန်တိုင်းတို့၊ကမ္ဘာမြေကြီးမှနေ၍ထာဝရဘုရားအား ထောမနာပြုကြလော့။
9-10 တောင်ကုန်းများနှင့်တောင်ရိုးတို့၊သစ်သီးပင် များနှင့် သစ်တောတို့တိရစ္ဆာန်ယဉ်နှင့်တိရစ္ဆာန်ရိုင်းတို့၊တွားတတ်သောသတ္တဝါနှင့်ငှက်တို့၊ကိုယ်တော် အား ထောမနာပြုကြလော့။
11-12 ဘုရင်များနှင့်လူမျိုးအပေါင်းတို့၊မင်းညီမင်းသားများနှင့်အုပ်ချုပ်သူအပေါင်း တို့၊ ပျိုရွယ်သူအမျိုးသားနှင့်အမျိုးသမီးတို့၊လူအိုနှင့်ကလေးသူငယ်တို့၊ကိုယ်တော်အား ထောမနာပြုကြလော့။
13 ယင်းတို့သည်ထာဝရဘုရား၏နာမတော် အား ထောမနာပြုကြစေ။ကိုယ်တော်၏နာမတော်သည်နာမရှိသမျှထက် ကြီးမြတ်တော်မူ၏။ကိုယ်တော်၏ဘုန်းအသရေတော်သည် ကမ္ဘာမြေကြီးနှင့်ကောင်းကင်အထက် ၌ရှိ၏။
14 ကိုယ်တော်သည်မိမိ၏လူစုတော်၊မိမိချစ်မြတ်နိုးတော်မူလှသည့်ဣသရေလ အမျိုးသားတို့အားခွန်အားကြီးမားစေတော်မူသဖြင့်ထိုသူ တို့သည် ကိုယ်တော်အားထောမနာပြုကြ၏။ထာဝရဘုရားအားထောမနာပြုကြလော့။