10 ကိုယ်တော်သည်ခေရုဗိမ် ကိုစီးလျက်၊လေ၏အဟုန်ဖြင့်လျင်မြန်စွာကြွလာတော်မူ၏။
11 ကိုယ်တော်သည်မိမိကိုယ်ကိုအမှောင်ဖြင့် ဖုံးလွှမ်းတော်မူ၏။ကိုယ်တော်၏ပတ်လည်တွင်ရေဖြင့်ပြည့်လျက် ထူထပ်သောမိုးတိမ်များရှိ၏။
12 ကိုယ်တော်၏ရှေ့တော်တွင်မိုးသီးနှင့်မီးလျှံ များသည် လျှပ်စစ်ပြက်ရာမှပေါ်ထွက်လာလျက်၊မဲမှောင်နေသောမိုးတိမ်များကိုထွင်းဖောက်၍ ကျလာ၏။
13 ကိုယ်တော်သည်ကောင်းကင်မှမိုးချုန်းတော်မူ၏။အမြင့်မြတ်ဆုံးဖြစ်တော်မူသောအရှင်၏ အသံတော်ထွက်ပေါ်လာ၏။
14 ကိုယ်တော်သည်မြားတော်တို့ကိုပစ်လွှတ်တော် မူလျက် ရန်သူများကိုကွဲလွင့်စေတော်မူ၏။လျှပ်စစ်ပြက်စေတော်မူလျက်သူတို့အား ထွက်ပြေးစေတော်မူ၏။
15 အို ထာဝရဘုရား၊ကိုယ်တော်သည်ရန်သူတို့အားအမျက် ထွက်လျက်ဟိန်းသံဖြင့်ဆုံးမတော်မူလိုက်သောအခါ သမုဒ္ဒရာ အောက်ခံမြေသည်လည်းကောင်း၊ကမ္ဘာမြေကြီး၏အခြေခံအုတ်မြစ်များသည်လည်းကောင်း ပွင့်လစ်ပေါ်ထွက်လာကုန်၏။
16 ထာဝရဘုရားသည်ကောင်းကင်ဘုံမှ လက်တော်ကိုဆန့်တော်မူပြီးလျှင်ငါ့ကိုကိုင်ဆွဲတော်မူ၍ရေနက်ကြီးထဲမှ ငါ့ကိုဆယ်တင်တော်မူ၏။