20 ငါသည်မှန်ရာကိုပြုသဖြင့်ကိုယ်တော်သည် ငါ့အားကောင်းကျိုးကိုချပေးတော်မူ၏။ငါသည်အပြစ်ကင်းသူဖြစ်၍ကောင်းချီး ပေးတော်မူ၏။
21 ငါသည်ထာဝရဘုရား၏ပညတ်တော်ကို လိုက်လျှောက်ခဲ့၏။ငါ၏ဘုရားထံတော်မှရှောင်ခွာ၍မသွား ခဲ့ပါ။
22 ငါသည်ကိုယ်တော်၏ပညတ်တော်ရှိသမျှကို စောင့်ထိန်းခဲ့၏။ကိုယ်တော်၏အမိန့်တော်တို့ကိုမဖီဆန်ခဲ့ပါ။
23 ငါသည်အပြစ်မဲ့သူဖြစ်ကြောင်းကိုလည်း ကောင်း၊ဒုစရိုက်ရှောင်ကြဉ်ကြောင်းကိုလည်းကောင်း ကိုယ်တော်သိတော်မူ၏။
24 ငါသည်အပြစ်ကင်းသူဖြစ်ကြောင်းကို သိတော်မူသဖြင့်လည်းကောင်း၊ငါသည်တရားမျှတစွာပြုကျင့်သဖြင့် လည်းကောင်းကိုယ်တော်သည်ငါ့အားကောင်းကျိုးကို ပေးသနားတော်မူ၏။
25 အို ထာဝရဘုရား၊ကိုယ်တော်သည်သစ္စာရှိသူတို့အား သစ္စာစောင့်တော်မူ၏။အပြစ်ဆိုဖွယ်မရှိအောင်ကောင်းမြတ်သူတို့ အား အကြွင်းမဲ့ကျေးဇူးပြုတော်မူတတ်ပါ၏။
26 စိတ်နှလုံးဖြူစင်သူတို့အားဖြူစင်သော စိတ်သဘောထားကိုလည်းကောင်း၊သူယုတ်မာတို့အားရန်လိုသောစိတ်သဘော ကိုလည်းကောင်းပြတော်မူပါ၏။