ဆာ​လံ 18:23-29 BCL

23 ငါ​သည်​အပြစ်​မဲ့​သူ​ဖြစ်​ကြောင်း​ကို​လည်း ကောင်း၊ဒု​စ​ရိုက်​ရှောင်​ကြဉ်​ကြောင်း​ကို​လည်း​ကောင်း ကိုယ်​တော်​သိ​တော်​မူ​၏။

24 ငါ​သည်​အ​ပြစ်​ကင်း​သူ​ဖြစ်​ကြောင်း​ကို သိ​တော်​မူ​သ​ဖြင့်​လည်း​ကောင်း၊ငါ​သည်​တ​ရား​မျှ​တ​စွာ​ပြု​ကျင့်​သ​ဖြင့် လည်း​ကောင်းကိုယ်​တော်​သည်​ငါ့​အား​ကောင်း​ကျိုး​ကို ပေး​သ​နား​တော်​မူ​၏။

25 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​သည်​သစ္စာ​ရှိ​သူ​တို့​အား သစ္စာ​စောင့်​တော်​မူ​၏။အ​ပြစ်​ဆို​ဖွယ်​မ​ရှိ​အောင်​ကောင်း​မြတ်​သူ​တို့ အား အ​ကြွင်း​မဲ့​ကျေး​ဇူး​ပြု​တော်​မူ​တတ်​ပါ​၏။

26 စိတ်​နှ​လုံး​ဖြူ​စင်​သူ​တို့​အား​ဖြူ​စင်​သော စိတ်​သ​ဘော​ထား​ကို​လည်း​ကောင်း၊သူ​ယုတ်​မာ​တို့​အား​ရန်​လို​သော​စိတ်​သ​ဘော ကို​လည်း​ကောင်း​ပြ​တော်​မူ​ပါ​၏။

27 ကိုယ်​တော်​သည်​စိတ်​နှ​လုံး​နှိမ့်​ချ​သူ​တို့​အား ကယ်​တော်​မူ​ပါ​၏။သို့​ရာ​တွင်​မာ​န​ထောင်​လွှား​သူ​တို့​ကို​မူ နိမ့်​ကျ​စေ​တော်​မူ​ပါ​၏။

28 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား အ​လင်း​ကို ပေး​တော်​မူ​ပါ​၏။ကျွန်​တော်​မျိုး​၏​မှောင်​မိုက်​ကို​ပျောက်​လွင့် စေ​တော်​မူ​ပါ​၏။

29 ရန်​သူ​များ​ကို​တိုက်​ခိုက်​ရန်​ခွန်​အား​ကို လည်း​ကောင်း၊သူ​တို့​၏​တပ်​များ​ကို​ဖြို​ခွင်း​ရန် တန်​ခိုး​ကို​လည်း​ကောင်း၊ကျွန်​တော်​မျိုး​အား​ပေး​တော်​မူ​ပါ​၏။