ဆာ​လံ 18:26-32 BCL

26 စိတ်​နှ​လုံး​ဖြူ​စင်​သူ​တို့​အား​ဖြူ​စင်​သော စိတ်​သ​ဘော​ထား​ကို​လည်း​ကောင်း၊သူ​ယုတ်​မာ​တို့​အား​ရန်​လို​သော​စိတ်​သ​ဘော ကို​လည်း​ကောင်း​ပြ​တော်​မူ​ပါ​၏။

27 ကိုယ်​တော်​သည်​စိတ်​နှ​လုံး​နှိမ့်​ချ​သူ​တို့​အား ကယ်​တော်​မူ​ပါ​၏။သို့​ရာ​တွင်​မာ​န​ထောင်​လွှား​သူ​တို့​ကို​မူ နိမ့်​ကျ​စေ​တော်​မူ​ပါ​၏။

28 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား အ​လင်း​ကို ပေး​တော်​မူ​ပါ​၏။ကျွန်​တော်​မျိုး​၏​မှောင်​မိုက်​ကို​ပျောက်​လွင့် စေ​တော်​မူ​ပါ​၏။

29 ရန်​သူ​များ​ကို​တိုက်​ခိုက်​ရန်​ခွန်​အား​ကို လည်း​ကောင်း၊သူ​တို့​၏​တပ်​များ​ကို​ဖြို​ခွင်း​ရန် တန်​ခိုး​ကို​လည်း​ကောင်း၊ကျွန်​တော်​မျိုး​အား​ပေး​တော်​မူ​ပါ​၏။

30 ဤ​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​တို့​သည် ပြီး​ပြည့်​စုံ​လင်​ပေ​၏။ကိုယ်​တော်​၏​စ​ကား​တော်​တို့​သည်​လည်း ယုံ​ကြည်​စိတ်​ချ​ထိုက်​ပါ​ပေ​သည်​တ​ကား။ကိုယ်​တော်​သည်​မိ​မိ​ထံ​တွင်​ခို​လှုံ​သူအ​ပေါင်း​တို့​အ​တွက်​ဒိုင်း​လွှား​သ​ဖွယ်​ဖြစ် တော်​မူ​၏။

31 ထာ​ဝ​ရ​ဘု​ရား​သည်​သာ​လျှင်​ဘု​ရား​ဖြစ် တော်​မူ​၏။ဘု​ရား​သ​ခင်​သည်​သာ​လျှင်​ငါ​တို့​ကွယ်​ကာ​ရာ ဖြစ်​တော်​မူ​၏။

32 ကိုယ်​တော်​သည်​ငါ့​ကို​သန်​စွမ်း​စေ​တော်​မူ​သော ဘု​ရား၊ငါ​လိုက်​လျှောက်​ရာ​ခ​ရီး​လမ်း​ကို​ဘေး​မဲ့​လုံ​ခြုံ စေ​တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​၏။