3 ငါသည်ထာဝရဘုရားအားတောင်းလျှောက်သောအခါကိုယ်တော်သည် ငါ့အားရန်သူများ၏လက်မှကယ်တော်မူ၏။ထာဝရဘုရားအားထောမနာပြုကြလော့။
4 သေမင်း၏နှောင်ကြိုးတို့သည်ငါ့ကိုရစ်ပတ် ပါ၏။ဖျက်ဆီးခြင်းလှိုင်းလုံးများသည်ငါ၏အပေါ် သို့ လွှမ်းမိုးကြ၏။
5 သေမင်း၏နှောင်ကြိုးတို့သည်ငါ့ကိုရစ်ပတ် ပါ၏။သင်္ချိုင်းတွင်းသည်ငါ့ကိုဖမ်းရန်ကျော့ကွင်း ထောင်ထား၏။
6 ငါသည်ဒုက္ခရောက်၍ဘုရားသခင်အား လျှောက်ထားပါ၏။ကူမတော်မူရန်ငါ၏ဘုရားအားလျှောက် ထားပါ၏။ကိုယ်တော်သည်ဗိမာန်တော်ထဲမှငါ၏ အသံကိုကြားတော်မူ၏။ကူမတော်မူရန်ငါ၏အော်သံကိုကိုယ်တော် ကြားတော်မူ၏။
7 ထိုအခါထာဝရဘုရား၏အမျက်တော် ကြောင့်ကမ္ဘာပေါ်တွင်သိမ့်သိမ့်တုန်အောင် မြေငလျင်လှုပ်လေ၏။တောင်တို့သည်လည်းအောက်ခြေမှတုန်လှုပ် ကြကုန်၏။
8 ကိုယ်တော်၏နှာခေါင်းတော်ထဲမှ မီးခိုးများသည်လည်းကောင်း၊ခံတွင်းတော်ထဲမှကျွမ်းလောင်စေတတ်သည့်မီးလျှံနှင့်မီးကျီးခဲများသည်လည်းကောင်း ထွက်လေ၏။
9 ကိုယ်တော်သည်မိုးကောင်းကင်ကိုဖွင့်ဟလျက် ဆင်းသက်ကြွလာတော်မူ၏။ခြေဖဝါးတော်အောက်တွင်မဲမှောင်သော မိုးတိမ်များရှိ၏။